Saturday 13 January 2024

ကျောက်မဲတွင် စစ်ကောင်စီက အပစ်ရပ်ရေးသဘောတူညီချက်ကို ချိုးဖောက် ပြီး TNLA တပ်စွဲနေရာကို ဝင်ရောက်တိုက်ခိုက်၊ ပြည်သူများဘေးဖြစ်မည်စိုး၍ စခန်းကို ယာယီနောက်ဆုတ်ပေးလိုက်


 ကျောက်မဲတွင် စစ်ကောင်စီက အပစ်ရပ်ရေးသဘောတူညီချက်ကို ချိုးဖောက် ပြီး TNLA တပ်စွဲနေရာကို ဝင်ရောက်တိုက်ခိုက်၊ ပြည်သူများဘေးဖြစ်မည်စိုး၍ စခန်းကို ယာယီနောက်ဆုတ်ပေးလိုက်


■ နောင်ချိုတွင်လည်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ပြည်သူတစ်ဦး ထိမှန်ဒဏ်ရာရ 


ရန်ကုန်၊ ဇန်နဝါရီ ၁၃


ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်တွင် စစ်ကောင်စီက အပစ်ရပ်ရေး သဘောတူညီချက်ကို ချိုးဖောက်ပြီး TNLA တပ်စွဲနေရာကို ဝင်ရောက် တိုက် ခိုက် လာသဖြင့် ပြည်သူများဘေးဖြစ်မည်စိုး၍ စခန်းကို ယာယီနောက် ဆုတ်ပေးလိုက်ကြောင်း TNLA က တရားဝင်သတင်းထုတ်ပြန်သည်။ 


ဇန်နဝါရီ ၁၃ ရက်နေ့ နံနက် ၉ နာရီ ၁၈ မိနစ်အချိန် ကျောက်မဲမြို့နယ်တွင် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ၊ကျောက်မဲမြို စစ်ကောင်စီ ၅၀၁-၅၀၂ တပ်စခန်း မှ အင်အားအလုံးအရင်းဖြင့် တအာင်းတပ်မတော် PSLF/TNLA တည်ရှိရာ ငြိမ်းချမ်းရေးကုန်းသို့ လာရောက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း၊ ၂ နာရီကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် တအာင်းတပ်မတော် PSLF/TNLA က အခြေချတပ်စွဲထားသော ငြိမ်ချမ်းရေးကုန်းကို ပြည်သူများ စစ်ဘေး ဒဏ် သင့်မည် စိုးရိမ်းသောကြောင့်နှင့် ဆုံးရှုးမှုများမည်စိုးသောကြောင့် ယာယီ နောက် ဆုတ် ပေးလိုက်ရကြောင်း သိရှိရသည်။ 


အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ဇန်နဝါရီလ ၁၁ ရက်နေ့ ပူပူနွေးနွေး ထိုးထား ခဲ့သော အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုကို ပေါ်ပေါ်တင် တင်ချိုးဖောက်ပြီး ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး စစ်ကောင်စီ၏ လုပ်ရပ်သည် အပစ်ခတ်ရပ်စဲရေးလက်မှတ်ကို ဒုတိယအကြိမ် ချိုးဖောက်ခြင်းဖြစ်ကြောင်း TNLA က ပြောဆိုသည်။ 


ဇန်နဝါရီလ ၁၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်က တအာင်းတပ်မတော် PSLF/TNLA တည်ရှိရာသို့ လက်နက်ကြီးဖြင့် မိုးကုတ်၊ ကျောက်မဲ၊ လားရှိး မြို့နယ် တို့တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။  


ထို့ပြင် ဇန်နဝါရီလ ၁၃ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်အချိန် ရှမ်းပြည် နယ် မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ လယ်ကြီးတောကျေးရွာကို စစ်ကောင်စီ တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် လယ်ကြီးတောကျေးရွာသား တစ်ဦး ဦးခေါင်းထိမှန်ဒဏ်ရာရရှိကြောင်း၊ ဒဏ်ရာရရှိသော အမျိုးသားကို ဆေးရုံတင်ပို့ထားကြောင်း သိရှိရသည်။ 


"နောင်ချိုမှာရှိတဲ့ စစ်ကောင်စီ ခမရ ၁၁၅ က လက်နက်ကြီးနဲ့ လှမ်းပစ်တာပါ။ နေ့လယ် ၁၂ နာရီကပေါ့။ ရွာသားတစ်ဦးအမျိုးသား ဦးခေါင်းဒဏ်ရာရပါတယ်။ အခုထက်ထိ လက်နက်ကြီးတွေနဲ့ပစ်နေတယ်။ ဒဏ်ရအမျိုးသားလူနာဏအား ဆေးရုံပို့ဆောင်ထားပါတယ်။ အပစ်အခတ်ရပ်တယ်ပြောပြီး စစ်တပ်က ပစ်ခ တ်နေတာပါ" ဟု နောင်ချိုဒေသပြည်သူတစ်ဦးက ပြောဆိုသည်။ 


တရုတ်နိုင်ငံ၏ ကြားဝင်မှုဖြင့် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့ အကြား ဇန်နဝါရီလ ၁၁ ရက်နေ့မှစတင်ပြီး အပစ်ရပ်ရေး သဘောတူညီခဲ့ပြီး စစ်ကောင်စီက ညီနောင် ၃ ဖွဲ့ သိမ်းပိုက်ရရှိထားသော စခန်းနှင့် မြို့များကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကျဲခြင်း မပြုလုပ်ရန်၊ အပြန်အလှန်အားဖြင့် ညီနောင် မဟာမိတ် ၃ ဖွဲ့လည်း မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲများ မလုပ်ဆောင်ရန် သဘောတူညီခဲ့ကြခြင်းဖြစ်သည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...