Sunday 14 January 2024

ခန်ခနဲ့ မီး၀ ဗျူဟာကုန်းကို AA က အပြီးသတ်တိုက်ခိုက် သိမ်းပိုက်


 ခန်ခနဲ့ မီး၀ ဗျူဟာကုန်းကို AA က အပြီးသတ်တိုက်ခိုက် သိမ်းပိုက်

+++++++++++++++++++

ဇန်နဝါရီ၊ ၁၄


စစ်ကောင်စီ၏ ခန်ခတောင်ဗျူဟာစခန်း၊ မီး၀ဗျူဟာကုန်းစခန်းတို့ကို AA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ကာ လက်နက်ခဲယမ်း အမြောက်အမြားရရှိခဲ့တယ်လို့ မြောက်ပိုင်း ညီနောင် ၃ ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။


ချင်းပြည်နယ်၊ ပလက်ဝဒေသအတွင်း စစ်ကောင်စီ၏ လက်ကျန်ဗျူဟာ စခန်းတစ်ခုဖြစ်သော "ခန်ခတောင်ဗျူဟာစခန်း" အပါအဝင် ပလက်ဝ-ကျောက် တော်အစပ်တွင်ရှိသော “မီးဝဗျူဟာကုန်း” တစ်ခုလုံးကို ရက္ခိုင့် တပ်တော် (AA) က ဇန်နဝါရီ (၁၃) ရက်နေ့က အပြီးသတ်သိမ်းပိုက် ထိန်းချုပ်ရယူ နိုင်ခဲ့ခြင်းဖြစ်ပါတယ်။


ပလက်ဝ- ကျောက်တော် နယ်စပ်ရှိ မီးဝဗျူဟာကုန်းနှင့် ကျောက်တော် တင်းမရွာအနီး တောင်ရှည်တောင် ဗျူဟာစခန်း ၂ခုကို ဇန်နဝါရီ လဆန်းမှစ၍ AA က ပြင်းထန်စွာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ စခန်း ၂ခုလုံး ရရှိခဲ့ခြင်း ဖြစ်ပါတယ်။


အရေးပါတဲ့ ဗျူဟာကုန်းတွေ မကျဖို့ စစ်ကောင်စီက လေကြောင်းလက်နက်ကြီး ပစ်ကူ ရယူခုခံတိုက်ခိုက်ခဲ့ သော်လည်း ဇန်နဝါရီ ၁၃ ရက်တွင် စခန်းကို သိမ်းပိုက်ရရှိခဲ့ခြင်း ဖြစ်ပါတယ်။


ခိုင်ပြည်နယ်တစ်ဝန်းတွင် စစ်ကောင်စီတပ်က တိုက် ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်ခဲ့ပြီး အရပ်သားထိခိုက်မှုများနှင့် ပြည်သူ များ ၏ နေအိမ်များ ပျက်စီးမှုများရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...