Monday 26 February 2024

ရမ်းဗြဲတွင် ရဟတ်ယာဉ် ၄ စီးဖြင့် စစ်ကူ လာချပေးသည့် အင်အား ၁၂၀ ပါ စစ်တပ်စစ်ကြောင်းကို AA က တိုက်ခိုက်မှု စစ်သား ၆၀ ကျော်သေဆုံးပြီး အလောင်းများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ



 ရမ်းဗြဲတွင် ရဟတ်ယာဉ် ၄ စီးဖြင့် စစ်ကူ လာချပေးသည့် အင်အား ၁၂၀ ပါ စစ်တပ်စစ်ကြောင်းကို AA က တိုက်ခိုက်မှု စစ်သား ၆၀ ကျော်သေဆုံးပြီး အလောင်းများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ


■ သိမ်းဆည်းရရှိသည့် စစ်အသုံးအဆောင်များတွင် ဒုတိယဗိုလ်မှူးကြီးရာထူး အဆောင်အယောင် အပွင့်အခက်များပါဝင်


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ 


ရခိုင်ပြည်နယ်၊ ရမ်းဗြဲတွင် ရဟတ်ယာဉ် ၄ စီးဖြင့် စစ်ကူ လာချပေးသည့် အင်အား ၁၂၀ ပါ စစ်တပ်စစ်ကြောင်းကို AA က တိုက်ခိုက်ရာ စစ်သား ၆၀ ကျော်သေဆုံးပြီး အလောင်းများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း AA က သတင်းထုတ်ပြန်သည်။ 


ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ရဟတ်ယာဉ် ၄ စီးဖြင့် စစ်ကူများလာရောက်ပိုဆောင်ခဲ့ကြောင်း၊ အဆိုပါ စစ်ကူ စစ်ကြောင်းမှာ အနောက်တောင်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ၊ ဧရာဝတီတိုင်း၊ ကျုံပျော်မြိုအခြေစိုက် ခလရ ၃၆ တပ်ရင်း နှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ အမ်းမြို့အခြေစိုက် ခမရ ၃၇၃ တပ်ရင်းတို့ဖြစ်ကြောင်း၊ အဆိုပါ စစ်တပ် စစ်ကူများသည် စုစုပေါင်းအင်အား ၁၂၀ ခန့်ပါရှိပြီး ရဟတ်ယာဉ် ၄ စီးဖြင့် ၇ ကြိမ်တိုင်တိုင် စစ်ကူချပေးခဲ့ကြောင်း ၊ အဆိုပါ စစ်ကြောင်းကို AA က တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ စစ်သား ၆၀ ကျော်ကို ချေမှုန်း တိုက်ခိုက်နိုင်ခဲ့ကြောင်း ၊ ကျန်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဆက်လက် ချေမှုန်းတိုက်ခိုက် လျက်ရှိကြောင်း သိရှိရသည်။ 


စစ်ကောင်စီတပ်ဖွဲ့၏ အလောင်းမြောက်မြားစွာနှင့်အတူ လက်နက်ခဲယမ်းပစ္စည်း အများအပြားကို သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ကောင်စီက တစ်နေ့လုံးနီးပါး တောက်လျှောက် မရပ်မနား လေကြောင်းမှ အကြိမ်ပေါင်းများစွာတိုက်ခိုက်နေသည့်ကြားမှ စစ်တပ်၏ စစ်ကြောင်းကို ချေမှုန်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း AA က ထုတ်ပြန်ထားသည်။

1 comment:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...