Monday 26 February 2024

တပ်မဟာ(၅)နယ်မြေအတွင်းရှိ ဖော်ဖူး(ရိုးစလင်းစခန်း)ကို KNLAနှင့်အတူ FFD Droneတပ်ဖွဲ့များမှတိုက်ခိုက်သိမ်းပိုက်



 တပ်မဟာ(၅)နယ်မြေအတွင်းရှိ ဖော်ဖူး(ရိုးစလင်းစခန်း)ကို KNLAနှင့်အတူ FFD Droneတပ်ဖွဲ့များမှတိုက်ခိုက်သိမ်းပိုက်

____________________________________________________________


KNU/KNLA တပ်မဟာ(၅)နယ်မြေအတွင်း ဖေဖော်ဝါရီလ ၂၄ရက်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ၏စစ်ရေးဦးဆောင်မှုဖြင့် FFD Drone တပ်ဖွဲ့မှ စစ်ကောင်စီ၏ ဖော်ဖူး(ရိုးစလင်းစခန်း) ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ 


FFD Drone တပ်ဖွဲ့မှ ဖေဖော်ဝါရီလ (၁၇)ရက်နေ့မှစတင်ကာ (၂၄)ရက်နေ့အထိ Drone ဖြင့် ဗုံးသီးအလုံးပေါင်း (၄၀)ကျော်ကိုကြဲချကာ စစ်ရေးဖိအားပေးခဲ့သည်။ KNLAတပ်ဖွဲ့မှလည်း စနိုက်ပါဖြင့် ဖိအားပေးတိုက်ခိုက်ခဲ့သည်။


Drone ဖြင့်ဆက်တိုက် တိုက်ခိုက်ကာစစ်ရေးဖိအားပေးပြီး ၁ပတ်အကြာ ဖေဖော်ဝါရီ(၂၄)ရက်နေ့ မနက်အစောပိုင်းတွင် အင်အား(၄၀)ခန့်ရှိသော စကစတပ်သားများသည် စခန်းတွင်ဆက်လက်မနေနိုင်တော့ဘဲ စခန်းအားစွန့်၍ဆုတ်ခွါသွားကြောင်းသိရသည်။ KNLAနှင့် FFD တပ်ဖွဲ့များ စခန်းအားနယ်မြေရှင်းလင်းရေးသွားခဲ့ရာ ၆၀မမ အလုံး(၆၀)နှင့် ရှေ့ထွက်မိုင်း(၃)လုံးကိုသိမ်းယူရရှိခဲ့ကြောင်း မြေပြင်ရဲဘာ်များထံမှသိရသည်။ 


ဖော်ဖူး(ရိုးစလင်းစခန်း)သည် ရိုးစလင်းချောင်းဘေးတွင်တည်ရှိပြီး ၁၉၉၅ခုနှစ်ကတည်းက အထိုင်ချတပ်စွဲထားခြင်းဖြစ်သည်။


-Force for Federal Democracy

1 comment:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...