Tuesday 19 March 2024

နယ်စပ်အနီးတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ နီးပါး ထိုင်းဘက်ခြမ်းဝင်ပြေး



 နယ်စပ်အနီးတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ နီးပါး ထိုင်းဘက်ခြမ်းဝင်ပြေး

ထိုင်စစ်တပ်က လက်နက်ဖြုတ်သိမ်းပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ထိန်းသိမ်းထား


နိုင်ပကောင်း/People's Spring


ထိုင်း − မြန်မာ နယ်စပ်အနီး ကရင်ပြည်နယ် ၊ ကြာအင်းဆိပ်ကြီးမြို့နယ်ထဲမှာ ဒီနေ့ မတ်လ ၁၉ ရက် နေ့လယ်ပိုင်းက KNU တပ်မဟာ ၆ နဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ နီးပါး ထိုင်းဘက်ခြမ်းထဲ ထွက်ပြေးသွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်ကအသိပေးပါတယ်။


ကြာအင်းဆိပ်ကြီးမြို့နယ် ၊ ပိုင်ခလိုရွာဟောင်းအနီး ဖြစ်ပွားတဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦးဟာ ထိုင်းနိုင်ငH ၊ အုန်းဖန်မြို့ ၊ ပိုင်ခလန်ရွာထဲ ထွက်ပြေးသွားတာလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။


ဒီလိုထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နယ်စပ်အနီးရှိ ရေတလျောက်စခန်းနဲ့ မဲသရောခီးစခန်းတွေက တပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ သိရပါတယ်။


ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တွေကို ထိုင်းစစ်တပ်က လက်နက်ဖြုတ်သိမ်းပြီး ထိန်းသိမ်းထားတယ်လို့သိရပါတယ်။


ကြာအင်းဆိပ်ကြီးမြို့နယ် က ကျိုက်ဒုံမြို့နယ်ခွဲအခြေစိုက် စစ်ကောင်စီ ဗျုဟာစခန်းကို KNU ဦးစီးတဲ့ ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ယူခဲ့ပါတယ်။


အဲဒီနောက် ကျိုက်ဒုံမြို့အနီးနဲ့ နယ်စပ်ကျေးရွာတွေ စစ်ကောင်စီတပ်နဲ့ KNU ပူးပေါင်းတပ်တွေကြား စစ်ရေးတင်းမာနေပြီး တိုက်ပွဲတွေ ဆက်ဖြစ်နေတာပါ။

5 comments:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...