Saturday 2 March 2024

နိုင်ငံတစ်ဝန်း ဖေဖော်ဝါရီလတိုက်ပွဲများတွင်း ဗိုလ်မှူးချုပ်အဆင့်မှ ဗိုလ်ကြီးအဆင့်အထိ စစ်အရာရှိ ၁၉ ဦးသေဆုံးပြီး အရာရှိ ၁၇ ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိ


 နိုင်ငံတစ်ဝန်း ဖေဖော်ဝါရီလတိုက်ပွဲများတွင်း ဗိုလ်မှူးချုပ်အဆင့်မှ ဗိုလ်ကြီးအဆင့်အထိ စစ်အရာရှိ ၁၉ ဦးသေဆုံးပြီး အရာရှိ ၁၇ ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိ


ရန်ကုန်၊ မတ် ၂ 


မြန်မာနိုင်ငံတစ်ဝန်း ဖေဖော်ဝါရီလတိုက်ပွဲများတွင်း ဗိုလ်မှူးချုပ်အဆင့်မှ ဗိုလ်ကြီးအဆင့်အထိ စစ်အရာရှိ ၁၉ ဦးသေဆုံးပြီး အရာရှိ ၁၇ ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိကြောင်း ရန်ကုန်ခေတ်သစ်၏ စာရင်းဇယားများအရ သိရှိပြီး လက်တွေ့မြေပြင်တွင် ထိုပမာဏထက် ပိုမိုနိုင်ဖွယ်ရှိသည်။ 


၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်ဘက်မှ ဗိုလ်မှူးချုပ် အဆင့်မှ ဗိုလ်မှူးအဆင့်အထိ စစ်အရာရှိ (၁၁)ဦး သေခဲ့ပြီး ဗိုလ်မှူးချုပ် ၁ ဦး ပျောက်ဆုံးနေကြောင်း၊ စစ်အရာရှိ ကြီး ၇ ဦးကို စစ်သုံ့ပန်းအဖြစ် တော်လှန်ရေးတပ်ဖွဲ့များက ဖမ်းဆီးရရှိကြောင်း၊ထို့ပြင် အငယ်တန်းအရာရှိ အဆင့်ဖြစ်သော ဗိုလ်ကြီး ၇ ဦး သေဆုံးပြီး ဗိုလ်ကြီး ၁၀ ယောက် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိကြောင်း သိရှိရသည်။ 


၁။ ဗိုလ်မှူး ချမ်းမြေ့အောင် ၊ ခလရ ၂၅၈ 

ရေစကြိုမြို့နယ်စစ်ကောင်စီအဖွဲ့ဝင် 


ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေပိုင်း ရေစကြိုမြို့ ခလရ ၂၅၈ တပ်အတွင်းမှ ရေစကြို မြို့ထဲ သို့ အိမ်စီးကားဖြင့် ပြန်လာသော မြို့နယ်စစ်ကောင်စီ အဖွဲ့ဝင် ဗိုလ်မှူး ချမ်းမြေ့အောင် အပါအဝင် ၅ ဦးကို ရေစကြိုမြို့အဝင် ဆိုင်းဘုတ် အနီးတွင် အနီးကပ် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ယာဉ်ပေါ်ပါ ဗိုလ်မှူး ချမ်းမြေ့အောင် အပါအဝင် နောက်လိုက် ၃ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။


၂။ ဗိုလ်မှူးကြီး ဟိန်းထက်အောင် DSA-42 

ဟားခါး အခြေချဗျူဟာ ဗျူဟာမှူး


ဖေဖော်ဝါရီလ ၆ ရက်နေ့ ချင်းပြည်နယ် ဟားခါးမြို့အခြေစိုက် စစ်ကောင်စီ ဗျူဟာမှူး ဗိုလ်မှူးကြီး ဟိန်းထက်အောင် နှလုံးရောဂါဖြင့် သေဆုံးခဲ့ပြီး စစ်ရှုံးသည့်အခြေအနေကို နေပြည်တော်က ဖိအားပေးရာမှ သေဆုံးခဲ့ကြောင်း သိရှိရသည်။ 


၃။ ဗိုလ်မှူး ရန်လင်းအောင်၊ ခမရ ၂၀၅ ဘားအံ

 

ဖေဖော်ဝါရီလ ၇ ရက်နေ့ ရခိုင် မင်းပြား ကို တပ်ကူစေလွှတ်ခဲ့ရာ ဗိုလ်မှူး ရန်လင်းအောင် အပါအဝင် စစ်သား ၂၈ ယောက် သေဆုံးပြီး ၁၈ ယောက် ပျောက်ဆုံးနေကြောင်း သိရှိရသည်။ 


၄။ ဗိုလ်မှူးကြီး မင်းမင်းထွန်း၊ တပ်မမှူး ၊ တပ်မ ၁၁ 


ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် မြောက်ဦးမြို့ အခြေစိုက် ခမရ ၃၇၇ တပ်ရင်းမှ တပ်မ ၁၁ တပ်မမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်း ကို AA က အသေ ဖမ်းဆီး ရရှိခဲ့ကြောင်း သိရှိရသည်။  


၅။ ဗိုလ်မှူးကြီး ၊ ဗျူဟာမှူး၊ ခမရ ၄၂၈ ဖရူဆို၊ ဒကစ လွိုင်ကော် 


ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ကရင်နီ ရှားတော မြို့သိမ်း တိုက်ပွဲတွင် ရရှိထားသည့် ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။ 


၆။ ဒု ဗိုလ်မှူးကြီး လှထက်ဝင်း၊ တပ်ရင်းမှူး ၊ ခလရ ၂၄၉ 


ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ကရင်နီ ရှားတော မြို့သိမ်း တိုက်ပွဲတွင် ၄၀ မမ ထိမှန်သေဆုံးသည်။ 


၇။ ဗိုလ်မှူး ဘစိုင်း ၊အမှတ် ၂ ပင်မဆက်သွယ်ရေးတပ်ရင်း နတ်မောက်


ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက် ၆ နာရီ မိနစ် ၃၀ အချိန်ခန့်က နတ်မောက်မြို့နယ်၊ ရွှေပန်းတောနှင့် ဂွေးကုန်းရွာ အကြားရှိ အမှတ် ၂ ပင်မဆက်သွယ်ရေးတပ်ရင်းမှ ဗိုလ်မှူး ဘစိုင်း သည် ပုဂံသို့ ရထားဖြင့် သွားရန် သားမျှား ဘူတာသို့ ဆိုင်ကယ် ဖြင့် ထွက်လာကြောင်း၊ ဂွေးကုန်းကျေးရွာ တောင်ဘက် တစ်ဖာလုံခန့် အကွာအရောက် တော်လှန်ရေးတပ်ဖွဲ့က အရပ်ဝတ်ဖြင့် သွားလာနေသော ဗိုလ်မှူးဘစိုင်းကို ပစ်ခတ်ရှင်းလင်းခဲ့ရာ ပွဲချင်းပြီး သေဆုံး သွားကြောင်း သိရသည်။


၈။ ဗိုလ်မှူး ၊ ဟိုပုံးမြို့နယ်


ဖေဖော်ဝါရီလ ၂၅ ရက်နေ့ PNLA စစ်ကြောင်းကို ဟိုပုံးမြို့နယ် အရှေ့ဘက်ခြမ်းတနေရာတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုး တိုက်ခိုက်သဖြင့် မနက် ၁၀ နာရီမှ ညနေ ၃း၄၀ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ရာ ထိုနေရာကို PNLA စစ်ကြောင်းမှ ရှင်းလင်းမှု ပြုလုပ်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အလောင်း (၁၆)လောင်း ကျန်ရှိခဲ့ပြီး စစ်ကောင်စီ၏ ဗိုလ်မှူး အဆင့်ရှိသူ (၂)ဦး နှင့် ဗိုလ်ကြီး အဆင့်ရှိသူ (၃)ဦးပါ တိုက်ပွဲအတွင်း သေဆုံးခဲ့သည်။


၉။ ဗိုလ်မှူး ၂ ဦး 


PNLA စစ်ကြောင်းကို ဟိုပုံးမြို့နယ် အရှေ့ဘက်ခြမ်းတနေရာတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုး တိုက်ခိုက်သဖြင့် နံနက် ၁၀ နာရီမှ ညနေ ၃ နာရီ ၄၀ မိနစ် အချိန် အထိ တိုက်ပွဲဖြစ်ပွားခဲ့ရာ ထိုနေရာကို PNLA စစ်ကြောင်းမှ ရှင်းလင်းမှု ပြုလုပ်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အလောင်း ၁၆ လောင်း ကျန်ရှိခဲ့ပြီး စစ်ကောင်စီ၏ ဗိုလ်မှူး အဆင့်ရှိသူ ၂ ဦး နှင့် ဗိုလ်ကြီး အဆင့်ရှိသူ ၃ ဦးပါ တိုက်ပွဲအတွင်း သေဆုံးခဲ့သည်။


၁၀။ ဗိုလ်မှူးကြီး အောင်ထွန်း ၊တပ်ရင်းမှူး ခမရ ၂၃၃  


ပလက်ဝဒေသမှာ AA နှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် ဆုတ်ခွာ ထွက်ပြေးလာသည့် စစ်ကောင်စီ တပ်ဖွဲ့ကို CDF-DAAI က လိုက်လံ ရှင်းလင်း တိုက်ခိုက်ခဲ့ရာ ဖေဖော်ဝါရီလ ၇ ရက်နေ့၌ လှိန်းရှိန်တောင်တွင် ထိတွေ့တိုက်ပွဲ မိနစ် ၂၀ ခန့် ဖြစ်ပွားခဲ့ပြီး ဘူးသီးတောင် အခြေစိုက် စကခ ၁၅ လက်အောက်ခံ ခမရ-၂၃၃ တပ်ရင်းမှ တပ်ရင်းမှူး၊ ဒုတိယဗိုလ်မှူးကြီး အောင်ထွန်း အပါအဝင် ဗိုလ်မှူး ၁ ဦးနှင့် ဗိုလ်ကြီး ၂ ဦး တို့ကို အသေ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


၁၁။ ဗိုလ်မှူး ၊ခမရ ၂၃၃  

ပလက်ဝဒေသမှာ AA နှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် ဆုတ်ခွာ ထွက်ပြေးလာသည့် စစ်ကောင်စီ တပ်ဖွဲ့ကို CDF-DAAI က လိုက်လံ ရှင်းလင်း တိုက်ခိုက်ခဲ့ရာ ဖေဖော်ဝါရီလ ၇ ရက်နေ့၌ လှိန်းရှိန်တောင်တွင် ထိတွေ့တိုက်ပွဲ မိနစ် ၂၀ ခန့် ဖြစ်ပွားခဲ့ပြီး ဘူးသီးတောင် အခြေစိုက် စကခ ၁၅ လက်အောက်ခံ ခမရ-၂၃၃ တပ်ရင်းမှ တပ်ရင်းမှူး၊ ဒုတိယဗိုလ်မှူးကြီး အောင်ထွန်း အပါအဝင် ဗိုလ်မှူး ၁ ဦးနှင့် ဗိုလ်ကြီး ၂ ဦး တို့ကို အသေ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


တိုက်ပွဲများအတွင်း ပျောက်ဆုံးနေသူမှာ ဗိုလ်မှူးချုပ် ဇင်မျိုးဆွေ ဖြစ်ပြီး ၎င်းသည် ပလက်၀ အစြေခိုက် စကခ ၁၉ ၏ တပ်မမှူးဖြစ်ကြောင်း ၊ ပလက်ဝဒေသ အခြေစိုက် စကစ ၁၉၊ ရှေ့တန်းဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေသည် တိုက်ပွဲများအတွင်း လက်ရှိအချိန်ထိ ပျောက်ဆုံးနေခဲ့ခြင်းဖြစ်သည်။ 


ထို့ပြင် စစ်အရာရှိကြီးများမှစ၍ အငယ်တန်းအရာရှိ ဗိုလ်ကြီးများမှာလည်း နိုင်ငံတစ်ဝန်း တိုက်ပွဲများ သေဆုံးခြင်း၊ ဖမ်းဆီးခံရခြင်းများကို ဖေဖော်ဝါရီလအတွင်း ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ 


ဓာတ်ပုံ- ရခိုင်ပြည်နယ်တွင် သေဆုံးနေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

2 comments:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...