Saturday 2 March 2024

မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်ထံ စစ်ကောင်စီ တပ်သား ၁ ဦး လက်နက် ယူဆောင်လာပြီး အလင်းဝင်


 မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်ထံ စစ်ကောင်စီ တပ်သား ၁ ဦး လက်နက် ယူဆောင်လာပြီး အလင်းဝင်


ရန်ကုန်၊ မတ် ၂


မန္တလေး ပြည်သူ့ကာကွယ်ရေး တပ်မတော်ထံ စစ်ကောင်စီ တပ်သား ၁ ဦး လက်နက် ယူဆောင်လာပြီး အလင်းဝင်လာကြောင်း မန္တလေး PDF က ထုတ်ပြန်ထားသည်။


ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) ထံ စစ်ကောင်စီ တပ်သား ၁ ဦး MA -11 ၁ လက် ၊ ကျည်ဘောက် (၇) ဘောက် ၊ ကျည် ၂၅၀ ၊ ဆိုင်ကယ် ၁ စီး ယူဆောင်လာပြီး အလင်းဝင်ရောက်လာသောကြောင့် မန္တလေး PDF က ဂုဏ်ပြုဆုငွေ ချီးမြှင့်ခဲ့ကြောင်း သိရသည်။


ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) မှ ပြည်သူလူထုဘက်ကို ရပ်တည်၍ အလင်းဝင်ရောက်လိုသော စစ်ကောင်စီတပ်သားများကို နွေးထွေးလုံခြုံစွာ လက်ခံလျှက်ရှိကြောင်း ထုတ်ပြန်ထားသည်။

2 comments:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...