Wednesday 20 March 2024

သင်္ကန်းညီနောင်အခြေစိုက် ခမရ -၃၅၆ ကိုသိမ်းပိုက်


 သင်္ကန်းညီနောင်အခြေစိုက် ခမရ -၃၅၆ ကိုသိမ်းပိုက်


ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ် မြ၀တီ/ သင်္ကန်းညီနောင် အ‌ ခြေစိုက် အာဏာသိမ် စစ်ကောင်စီတပ် ခမရ (၃၅၆) တပ်ရင်းအား KNU - တပ်မဟာ (၆) KNLA - ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့မှ ၂၀၂၄ ခုနှစ် မတ်လ ၁၅ ရက်နေ့ ညနေ (၃း၀၀) နာရီမှ စတင်၍ ၀င်ရောက်တိုက်ခိုက်ချေမှုန်းရာ ညနေ (၁၉း၀၀) နာရီတွင် စခန်းတစ်ခုလုံးအား အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။ 


အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် အာဏာသိမ် စစ်‌ကောင်စီတပ်မှ (၁၁) ဦး သေဆုံးခဲ့ပြီး အများအပြားသေဆုံးမှုစာရင်းအား ပြန်လည်စီစစ်ဆဲ ဖြစ်သည်။ 


ထိုစခန်းအတွင်း သိမ်းဆည်းရမိ လက်နက်ခဲယမ်းများမှာ - 

(၁) MA-1 - ၄ လက်

(၂) MA-3 - ၄ လက်

(၃) ငါးကြင်းမြီး စက်လက် - ၁ လက်

(၄) ငါးကြင်းမြီးပြောင်းတို - ၁ လက်

(၅) 81 MM (ဗုံးသီး) - ၄၂ လုံး

(၆) 60 MM (ဗုံးသီး) - ၁၇ လုံး

(၇) 81 MM (နောက်ပွင့်‌ဗုံးသီး) - ၂၆ လုံး

(၈) နင်းမိုင်း ‌(အသေး) - ၂၅ လုံး

(၉) အီနာဂါ - ၆ လုံး

(၁၀) MA ကျည်ဘောက် - ၇ ဘောက်

(၁၁) MA ကျည်တောင့် - ၁၂၀၀ တောင့် 

(၁၂) လက်ပစ်ဗုံး - ၃ လုံး 

(၁၃) RPG အသီး - ၃ လုံး

(၁၄) နင်းမိုင်း (အကြီး) - ၂၇ လုံး စသည့် လက်နက်ခဲယမ်းများ သိမ်းဆည်း ရမိခဲ့သည်။


ထိုစခန်းသမ်းတိုက်ပွဲအတွင်း KNLA - ကရင်အမျိုးသား လွတ်‌‌‌မြောက်ရေး တပ်မတော် နှင့် တော်လှန််ရေး ပူးပေါင်းတပ်ဖွဲ့တို့မှလည်း (၅) ဦး ဒဏ်ရာရပြီး (၁) ဦးမှာ တိုင်းပြည်နှင့် ဖက်ဒရယ် ဒီမိုက‌ရေစီရရှိရေးအတွက် မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့ရသည်။ 


ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် တပ်မဟာ (၆) အတွင်း အာဏာသိမ်း စစ်ကောင်စီတပ် စခန်းများအား စခန်းသိမ်းတိုက်ပွဲအဖြင့် သော်လည်းကောင်း ဖော်ဆောင်လျှက်ရှိနေပြီး နေ့စဉ်နှင့်အမျှ တိုက်ပွဲများ ပြင်းထန်လျှက် ရှိနေသည်။ နောက်ထပ် တိုက်ခိုက်သိမ်းပိုက်ရရှိသော အာဏာသိမ်း အကြမ်းဖစ် စစ်ကောင်စီတပ်၏ စခန်းများအား ဒူးပလာယာခရိုင် သတင်းနှင့် ပြန်ကြားရေးမှ ပြန်လည်ထုတ်ပြန်ပေးသွားမည် ဖြစ်သည်။


ဓာတ်ပုံ - ခမရ (၃၅၆) တပ်ရင်းမှ သိမ်းဆည်းရမိ လက်နက်ခဲယမ်းများ။ 


ဒူးပလာယာခရိုင် - သတင်းနှင့် ပြန်ကြားရေး။

4 comments:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...