Wednesday 20 March 2024

KIA နှင့်မဟာမိတ်တို့ သိမ်းပိုက်ထားသည့် လိုင်ဇာအနီးမှ စစ်တပ်စခန်းသို့ NUG ကာကွယ်ရေးဝန်ကြီး သွားရောက်



 KIA နှင့်မဟာမိတ်တို့ သိမ်းပိုက်ထားသည့် လိုင်ဇာအနီးမှ စစ်တပ်စခန်းသို့ NUG ကာကွယ်ရေးဝန်ကြီး သွားရောက်

--------------

ပြီးခဲ့သည့် သတင်းပတ် သောကြာနေ့ (မတ်၁၅) က ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် မဟာမိတ်တပ်များက သိမ်းပိုက်ရရှိခဲ့သည့် ဘွမ်ရေဘွမ့် ရှေ့တန်းစစ်စခန်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ကာကွယ်ရေးဝန်ကြီး သွားရောက်ခဲ့သည့် သတင်းဓာတ်ပုံများကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့တွင် ထုတ်ပြန်လိုက်သည်။


ဘွမ်ရေဘွမ့်စခန်းသည် KIO/KIA ဌာနချုပ် လိုင်ဇာအနီးမှ စစ်ကောင်စီ၏ တပ်စခန်းတစ်ခုဖြစ်သည်။ စစ်ကောင်စီက ထိုစစ်စခန်းကို ၂၀၁၂ တွင် KIA ထံမှ သိမ်းပိုက်ထားခြင်းဖြစ်သည်။


NUG က ထုတ်ပြသည့် ထိုစစ်စခန်း၏ဓာတ်ပုံများတွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၏ နေအိမ်ကို ပစ်မှတ်ထားပစ်ခတ်မည့် အမြောက်တပ်ဖွဲ့၏ ပစ်မှတ်အညွှန်းကိုလည်း တွေ့ရသည်။


NUG ကာကွယ်ရေးဝန်ကြီးဝန်ကြီး ဦးရည်မွန်နှင့်အတူ KIA စစ်ဦးစီးချုပ် (အမှတ် ၁ စစ်ဒေသမှူး) ဒုဗိုလ်ချုပ်ကြီးခေါင်လွန်းလည်း ထိုစခန်းသို့ သွားရောက်ခဲ့သည်ဟု NUG က ဆိုသည်။


ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် မဟာမိတ်တပ်များက စစ်သည်အင်အား ထောင်ဂဏန်းသုံးပြီး မတ်လ ၇ ရက် နံနက်ပိုင်းမှစတင်ကာ ကချင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို တစ်ပြိုင်နက်ဝင်ရောက်တိုက်ခိုက်ပြီး စစ်ကောင်စီကို စစ်မျက်နှာသစ်ဖွင့်လှစ်ခဲ့သည်။


ထိုစစ်ပွဲတွင် KIA နှင့်အတူ ရက္ခိုင့်တပ်တော် (AA) ၊ ဒေသတွင်းလက်နက်ကိုင်တပ်ဖွဲ့များ၊ NUG လက်အောက်မှ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ် (KPDF)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များပါဝင်ကြသည်။


#MyanmarNow #Kachin #NUG #Laiza #လိုင်ဇာ

4 comments:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...