Wednesday 20 March 2024

မဲသရောထစခန်းသိမ်းတိုက်ပွဲတွင် လက်နက်ကြီး လက်နက်ငယ် (၆၁) လက်နှင့်ခဲယမ်းများ သိမ်းဆည်းရမိ



 မဲသရောထစခန်းသိမ်းတိုက်ပွဲတွင် လက်နက်ကြီး လက်နက်ငယ် (၆၁) လက်နှင့်ခဲယမ်းများ သိမ်းဆည်းရမိ


RNA_မတ်(၂၀)၊၂၀၂၄ခုနှစ်။ 


ကရင်ပြည်နယ်၊ ကျိုက်ဒုံမြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီ၏ မဲသရောထစခန်းကုန်းသိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ အလောင်း (၅) လောင်းနှင့် လက်နက်ကြီး လက်နက်ငယ် (၆၁) လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ကယနေ့ ထုတ်ပြန်ထားသည်။ 


"တိုက်ပွဲတွင် ရန်သူသေဆုံးရုပ်အလောင်း ၅ လောင်းနှင့် လက်နက်ကြီးလက်နက်ငယ် စုစုပေါင်း (၆၁) လက်နှင့် ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့သည်။ ကျန်ရှိနေသာ စစ်ကောင်စီတပ်သား (၅၀) ဦးခန့်မှာ ထိုင်းနိုင်ငံဘက်ခြမ်း ပိုင်ခလိုင်ရွာဘက်သို့ ထိခိုက်ဒဏ်ရာများစွာဖြင့် ဆုတ်ခွာထွက်ပြေးခဲ့သည်။ KNLA နှင့် SOF မှရဲဘော်များ အထိအခိုက်မရှိပဲ နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ပြီး ၄င်းမြန်မာနိုင်ငံဘက်ခြမ်း နယ်စပ်တလျှောက်အား နယ်မြေစိုးမိုးထားကြောင်း ပြည်သူသို့ လေးစားစွာ အသိပေးထုတ်ပြန်အပ်ပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 


KNLA နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်ပိုင်းစစ်ဒေသ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF တို့ ပူးပေါင်းကာ မတ်လ (၁၉) ရက်နေ့က KNU တပ်မဟာ (၆) နယ်မြေအတွင်းရှိ စကခ (၁၉) လက်အောက်ခံ ခမရ ၅၅၇/၅၅၈ တပ်သားများအထိုင်ချတပ်စွဲထားသော မဲသရောထ စခန်းကုန်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့ချိန် စစ်ကောင်စီလက်အောက်ခံများ ထွက်ပြေးသွားကြကြောင်း၊ ရန်သူများထပ်မံအချေချတပ်စွဲထားသည့် ဂျိုးဖြူချက်ပွိုင့် တောင်ကုန်းအားပိတ်ဆို့၍ ထပ်မံတိုက်ခိုက်ချေမှုန်းခဲ့ရာ တနေကုန်တိုက်ပွဲပြင်းထန်ခဲ့ပြီး ညနေပိုင်းတွင် စခန်းကုန်းအား သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။


#RedNewsAgency

Website - https://rednewsagency.com/

Youtube- https://www.youtube.com/@rednewsmm/

Telegram- https://t.me/rednewsagency/ 

YouTube-subscribers : https://www.youtube.com/@rednewsmm/?sub_confirmation=1

5 comments:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...