Sunday 24 March 2024

မံစီ မိုင်းခေါင်ရွာသစ်က စစ်ကောင်စီတပ်သားများ စခန်းကိုစွန့်ခွာထွက်ပြေးလို့ KIA ကအလွယ်တကူ သိမ်းပိုက်ရရှိ



 မံစီ မိုင်းခေါင်ရွာသစ်က စစ်ကောင်စီတပ်သားများ စခန်းကိုစွန့်ခွာထွက်ပြေးလို့ KIA ကအလွယ်တကူ သိမ်းပိုက်ရရှိ

+++++++++++++++

မတ်၊ ၂၄၊ ၂၀၂၄


ကချင်ပြည်နယ် မံစီမြို့နယ်၊ မိုင်းခေါင်ရွာသစ် က စစ်ကောင်စီ အခြေစိုက် စခန်းမှဒုတပ်ရင်းမှူး ဦးဆောင်တဲ့ အင်အား ၅၀လောက်ဟာ စခန်းကို စွန့်ခွာထွက်ပြေးသွားလို့ KIA က သိမ်းပိုက်ရရှိသွားပြီဖြစ်ကြောင်း သတင်းရရှိပါတယ်


 ခလရ ၁၂၁ မှ ဗိုလ်မှူးဦးစီးတဲ့ အင်အား ၅၀ ပါ တပ်ဖွဲ့က KIAနဲ့ တော်လှန်ရေးတပ်များ စခန်းအနီး ချဉ်းကပ်လာစဉ် ချက်ချင်း တပ်စခန်းကို စွန့်ခွာထွက်ပြေးသွားခြင်းဖြစ်တယ်လို့ သိရပါတယ်။


စခန်းမှစစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ၊ လက်နက်ငယ် မျိုးစုံ အများအပြားနဲ့ ခဲယမ်း၊ ကျည်၊ မိုင်း အများအပြားကိုလည်း ရရှိခဲ့ပါတယ်။


 ကချင်ပြည်နယ်အတွင်းက ဒေသအချို့ကို KIA က မြို့သိမ်းတိုက်ပွဲနဲ့ စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွဲလျက်ရှိရာ မံစီမြို့နယ်ရှိ မံဝိန်းကြီး၊ စီခန်းကြီး၊ ကိုက်ထိပ်၊ မဂျီဂုံစသည့် ဗျူဟာမြောက်စခန်းများအပါအဝင် စစ်ကောင်စီစခန်းများကို KIAက တိုက်ခိုက်သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။

4 comments:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...