Saturday 9 March 2024

မြ၀တီ၊ သင်္ဃန်းညီနောင် ခမရ ၃၅၅ တပ်ရင်းကို သိမ်းပိုက်ပြီးနောက် သင်္ဃန်းညီနောင် ရဲစခန်းကိုပါ သိမ်းပိုက်ရရှိ၊ လက်နက်ကြီး၊ လက်နက်ငယ် ၁၀၀ကျော် သိမ်းဆည်းရရှိထားပြီး စစ်တပ်ဘက်မှ သေဆုံးမှုများ



 မြ၀တီ၊ သင်္ဃန်းညီနောင် ခမရ ၃၅၅ တပ်ရင်းကို သိမ်းပိုက်ပြီးနောက် သင်္ဃန်းညီနောင် ရဲစခန်းကိုပါ သိမ်းပိုက်ရရှိ၊ လက်နက်ကြီး၊ လက်နက်ငယ် ၁၀၀ကျော် သိမ်းဆည်းရရှိထားပြီး စစ်တပ်ဘက်မှ သေဆုံးမှုများ


ရန်ကုန်၊ မတ် ၉ 


ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင်ရှိ စစ်ကောင်စီ၏ ခမရ ၃၅၅ တပ်ရင်းကို တော် လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်လိုက်ပြီးနောက် သင်္ဃန်းညီနောင် ရဲစခန်းကိုပါ သိမ်းပိုက်ရရှိကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များက အတည်ပြု​ ပြောဆိုသည်။ 


"လက်ရှိကသိရသလောက် ခမရ ၃၅၅ ရပြီ၊သင်္ဃန်းညီနောင်ရဲစခန်းရပြီ၊ လက်နက်ကြီး၊ လက်နက်ငယ် တစ်ရာကျော်သိမ်းဆည်းရမိထားတယ်၊ စစ်ကောင်စီ စစ်သားအားလုံးနီးပါး စခန်းစွန့်ခွာပြေးတာများတယ်၊ သေကြတာလည်း အတုန်းအရုန်းပဲ။  ဒေသခံ ပြည်သူတချို့ အထိအခိုက်ရှိတယ်"ဟု တော်လှန် ရေး သတင်းရင်းမြစ်က ဆိုသည်။ 


စစ်တပ်သတင်းရင်းမြစ်တစ်ခု၏ အဆိုအရ စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲချမှုများအတွင်း စစ်တပ်ဘက်မှ တပ်တချို့ ထိမှန် သေဆုံးမှုများရှိကြောင်း ပြောဆိုသော်လည်း ရန်ကုန်ခေတ်သစ်အနေဖြင့် အသေးစိတ်အခြေအနေကို စုံစမ်းနေဆဲဖြစ်သည်။ 


လက်ရှိတွင် တော်လှန်ရေးတပ်များက  စစ်ကောင်စီတပ်စခန်းများကို ဆက်လက် တိုက်ခိုက်နေဆဲဖြစ်ကြောင်း၊ တိုက်ပွဲနှင့်အောင်ပွဲ အသေးစိတ် အခြေအနေများကိုမူ  သက်ဆိုင်ရာ မကြာမီ ထုတ်ပြန်လိမ့်မည်ဖြစ်ကြောင်း သိရှိရသည်။ 


ဓာတ်ပုံ- သင်္ဃန်းညီနောင် ရဲစခန်း ပုံများနှင့် ခမရ ၃၅၅ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး  နေအိမ်လိုင်းခန်း။

4 comments:

စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို

 စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး  ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို ရန်ကုန်၊ စက်တင်ဘာ ၂၀  အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်...