Saturday 9 March 2024

မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင်တွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး သေ ဆုံးမှုများ နေသော စစ်တပ်က လေကြောင်း တိုက်ခိုက်မှုကို မရပ်မနား လုပ်နေ၊ ခမရ ၃၅၅ တပ်ရင်း အသိမ်းပိုက်ခံရဟု စစ်လော်ဘီများ အတည် ပြု


 မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင်တွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး သေ ဆုံးမှုများ နေသော စစ်တပ်က လေကြောင်း တိုက်ခိုက်မှုကို မရပ်မနား လုပ်နေ၊ ခမရ ၃၅၅ တပ်ရင်း အသိမ်းပိုက်ခံရဟု စစ်လော်ဘီများ အတည် ပြု


ရန်ကုန်၊ မတ် ၉ 


ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင်တွင် ယနေ့ တတိယနေ့အဖြစ် တိုက်ပွဲများ ဆက် လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်း တိုက်ခိုက်မှုကို မရပ်မနား လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။ 


မတ်လ ၇ ရက်နေ့မှစတင်ပြီး ယနေ့ မတ်လ ၉ ရက်နေ့အထိ မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင်တွင် တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်ကြောင်း၊ ယမန်နေ့ တစ်ညလုံးနှင့် ယနေ့ တစ်မနက်လုံးတွင်လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်ကာ စစ်တပ်က လေကြောင်းသုံး တိုက်ခိုက်မှုများကို မရပ်မနား လုပ်ဆောင်နေကြောင်း သိရှိရသည်။ 


"လေယာဉ်တွေရော၊ ရဟတ်ယာဉ်တွေရော အကုန်လာတာ။ လာတဲ့ လေယာဉ်တွေမှာ အမျိုးအစားမသိတဲ့ အရမ်းကို ဆူညံတဲ့ အသံနဲ့ လာတဲ့လေယာဉ်တွေလည်းပါတယ်။ ဟိုးအရင်ခေတ်က တိုက် လေ ယာဉ်တွေထင်တယ်။ စစ်ရှောင်တွေလည်း တိုက်ပွဲနဲ့ ဝေးရာ ပြေးနေရပေမယ့် အသံတွေက တစ်ညလုံး တစ်မနက်လုံး ဆက်တိုက် ကြားနေရတုန်းပဲ" ဟု စစ်ဘေးရှောင် ပြည်သူတစ်ဦးကရှင်းပြသည်။ 


စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်များတွင် သင်္ဃန်းညီနောင်တိုက်ပွဲတွင် ခမရ ၃၅၅ တပ်ရင်းကို တော်လှန်ရေးတပ်များက သိမ်းပိုက်လိုက်ပြီး ခမရ ၃၅၆ အပါအဝင် တပ်ရင်းများမှာ စိုးရိမ်ရေမှတ်ဖြစ်နေကြောင်း ရေးသားထားကြသည်။ 


"ကရင်ပြည်နယ်၊မြဝတီမြိုအနီးရှိ သင်္ဃန်းညီနောင် နယ်မြေရှိ ၃၅၅ တပ် ဆုတ်ထားလိုက်ရသည်။ယနေ့ နံနက် ၉:၄၈ အချိန်အထိ ၃၅၅ တပ် နဲ့ ၃၅၆ တပ်တိုသည့် ၃၅၇ တပ်နဲ့ ပြန်လည် ပူးပေါင်းထားရသည်။ကရင်ပြည်နယ်၊မြဝတီမြိုအနီးရှိ သင်္ဃန်းညီနောင် နယ်မြေ စိုးရိမ်ရေမှတ်ကို ရောက်ရှိနေကြောင်း " ဟု စစ်တပ်လော်ဘီချန်နယ် People Media က ရေးသားထားသည်။ 


KNLA နှင့် တော်လှန်ရေး သတင်းရင်းမြစ်များကို ဆက်သွယ်မေးမြန်းရာ လက်ရှိတွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ရေးအခြေအနေအရ မည်သည့်မှတ်ချက်မှ မပေးလိုကြောင်း၊ ခမရ ၃၅၅ နှင့်ပတ်သက်၍ လူမှုကွန်ရက်တွင် ဗီဒီယိုများ ထွက်ပေါ်ခဲ့ပြီးဖြစ်၍ ဗီဒီယိုတွင်ပါသည့်အတိုင်းပင် ဖြစ်ကြောင်း၊ သက်ဆိုင်ရာက အခြေအနေများ တည်ငြိမ်မှသာ တိုက်ပွဲရလဒ်နှင်အောင်ပွဲ သတင်းများ ထုတ်ပြန်မည်ဖြစ်ကြောင်း၊ တော်လှန်ရေးဘက်မှလည်း အထိအခိုက်နှင့်သေဆုံးမှုတချို့ရှိကြောင်း ပြောဆိုကြသည်။ 


လက်ရှိတွင်  ခလရ ၂၇၅ ၊ နဗဟ တို့က လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေကြောင်း ၊ ယခုတိုက်ပွဲများတွင် စစ်တပ်ဘက်မှ အထိနာနေကြောင်း သိရှိရသည်။


ဓာတ်ပုံ- သင်္ဃန်းညီနောင်  ခမရ ၃၅၅ မှ ရရှိထားသော စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများ။

4 comments:

စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို

 စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး  ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို ရန်ကုန်၊ စက်တင်ဘာ ၂၀  အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်...