Sunday 10 March 2024

စစ်ကိုင်း-မုံရွာ- ရွှေဘိုလမ်းမှာ ကင်းပုန်းစောင့်ပြီး တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီရဲ့ ရဲ ၄ ဦးစလုံး ဇီဝိန်ချုပ်ပြီး သေနတ် ၄ လက်နဲ့ ကား ၁ စီး သိမ်းဆည်းရရှိ



 ◼️စစ်ကိုင်း-မုံရွာ- ရွှေဘိုလမ်းမှာ ကင်းပုန်းစောင့်ပြီး တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီရဲ့ ရဲ ၄ ဦးစလုံး ဇီဝိန်ချုပ်ပြီး သေနတ် ၄ လက်နဲ့ ကား ၁ စီး သိမ်းဆည်းရရှိ


၁၀ မတ် ||| နွေဦးအသံ ||| 


စစ်ကိုင်း-မုံရွာ- ရွှေဘိုလမ်း တနေရာမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ရွာသစ်ကြီးနယ်မြေရဲစခန်းမှ ရဲ ၄ ဦး လိုက်ပါစီးနင်းလာတဲ့ ကားတစီးကို စစ်ကိုင်း ပကဖ နဲ့ တောတွင်းတွတ်ပီ အဖွဲ့က မတ် ၁၀ ရက်၊ မနက် ၇ နာရီ ၅၀ မိနစ်မှာ ကင်းပုန်းစောင့်ပြီး တိုက်ခိုက်ခဲ့ရာ ရဲ ၄ ဦးစလုံး ဇီဝိန်ချုပ်ပြီး သေနတ် ၄ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။


အနီးကပ်တိုက်ခိုက်ခံရသဖြင့် ရဲတပ်ကြပ်ကြီး ဂေတမ်၊ ရဲတပ် ကြပ် ဇာနည်ထွန်း ၊ ရဲဒုတပ်ကြပ် ရန်နိုင်စိုး နဲ့ ရဲတပ်သားတဦးတို့ နေရာတွင်ပဲ ဇီဝိန်ချုပ်ခဲ့ပြီး အဲဒီရဲတွေဟာ လမ်းမှာ သွားနေတဲ့ကားတွေကို ငွေကောက်ခံလေ့ရှိတယ်လို့ ဆိုပါတယ်။


ပစ္စတို ၁ လက် နဲ့ ကျည်ဘောက် ၂ ခု၊ G-3 ၂ လက်၊ ကျည်ဘောက် ၄ ခု၊ ပူစီ ၁ လက်၊ ကျည်ဘောက် ၃ ခု၊ ၃၀၈ ကျည် ၂၆၉ တောင့်၊ 7.62 ကျည် ၂၄၀ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ လက်ထိပ် ၂ ခု၊ ဖုန်း ၅ လုံး၊ ယူနီဖောင်း ၂ စုံ၊ ကား ၁ စီး တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ Taw Twin Tup Pee Local PDF က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။


သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့

Telegram : https://t.me/VOStelegram

YouTube : https://youtube.com/c/TheVoiceOfSpringTV

ကို Subscribe လုပ်ထားနိုင်ပါတယ်။


©The Voice of Spring

#thevoiceofspring 

#WhatsHappeningInMyanmar

#RejectMilitaryCoup


✅ ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

4 comments:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...