Sunday 3 March 2024

သုံးလစောင့်ကြည့်ပြီး ဆုချီးမြှင့်သွားမယ်လို့ BOB တပ်ဖွဲ့ပြော


 ◼️သုံးလစောင့်ကြည့်ပြီး ဆုချီးမြှင့်သွားမယ်လို့ BOB တပ်ဖွဲ့ပြော


၃ မတ် ||| နွေဦးအသံ ||| 


စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့မရဲစခန်းမှာ ရောက်ရှိနေတဲ့ ဒုတပ်ကြပ်စစ်သားတဦးက မုံရွာခရိုင်၊ အမှတ်(၂၀)တပ်ရင်း BOB (Battalion of Budalin)အဖွဲ့ထံသို့ ဖေဖော်ဝါရီ ၂၉ ရက်မှာ ဆက်သွယ်ပြီး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ သိရပါတယ်။


အကြမ်းဖက်စစ်ကောင်စီရဲ့ လက်အောက်က‌နေ အလင်းဝင်လာတဲ့ ဒုတပ်ကြပ်ဟာ အသက် ၃၅ နှစ်အရွယ်ရှိပြီး MA 1 max 2 တလက်၊ MA ကျည် ၄၂၀‌ တောင့်၊ MA ကျည်ဘောက် ၆ ခု၊ အီနာဂါ ၂ တောင့် တို့ကိုပါ ယူဆောင်လာခဲ့တယ်လို့ ဆိုပါတယ်။


အလင်းဝင်လာတဲ့ ဒုတပ်ကြပ်တဦးဟာ ရန်ကုန်တိုင်း၊ မှော်ဘီမြို့ အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ခမရ(၇၀၃)မှ ဖြစ်ပြီး BOB အဖွဲ့ရဲ့ မူဝါဒအရ ၃ လ စောင့်ကြည့်ပြီး ယခင် အလင်းဝင်လာသူများလိုပဲ ဆုချီးမြှင့်သွားမယ်လို့ သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။


သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့

Telegram : https://t.me/VOStelegram

YouTube : https://youtube.com/c/TheVoiceOfSpringTV

ကို Subscribe လုပ်ထားနိုင်ပါတယ်။


©The Voice of Spring

#thevoiceofspring 

#WhatsHappeningInMyanmar

#RejectMilitaryCoup


✅ ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

3 comments:

စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို

 စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး  ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို ရန်ကုန်၊ စက်တင်ဘာ ၂၀  အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်...