Sunday 3 March 2024

တိုးပွားလာတဲ့ အလင်းဝင် CDM စစ်သားများ


 တိုးပွားလာတဲ့ အလင်းဝင် CDM စစ်သားများ


တော်လှန်ရေး စတင်ချိန်ကတည်းက စိတ်ဓာတ်အင်အားချင်း ကွာခြားနေခဲ့တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ တပ်သားတွေဟာ ကျရှုံးခန်းနားနီးလာလေ အလင်းဝင်လာတဲ့ CDM စစ်သားဦးရေ တိုးပွားလာလေပဲ ဖြစ်ပါတယ်။ 


လတ်တလောမှာ အလင်းဝင်လာတဲ့ဖြစ်ရပ်တွေကိုကြည့်ရင် 


🔺 ချင်းပြည်နယ်၊ မင်းတပ်မြို့မ ရဲစခန်းမှ ရဲတပ်သား ၁ ဦး လက်နက်အပြည့်အစုံ ယူဆောင်လာပြီး CDF-MINDAT ဆီကို အလင်းဝင်လာတာကြောင့် ငွေကျပ် သိန်း ၅၀ ချီးမြှင့်ခဲ့တယ်လို့ မတ်လ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။


🔺 ဖေဖော်ဝါရီ ၂၉ ရက်နေ့ကလည်း မကွေးတိုင်း၊ ရေစကြိုမြို့ မြိုင်ဟေဝန်ပန်းခြံမှာ တပ်စွဲထားတဲ့ ရဲတပ်သားတွေထဲက ရဲတပ်ကြပ်ကြီးတစ်ဦးဟာ ကာဘိုင်သေနတ် ၁ လက်၊ ကျည်အိမ် ၂ ခု ၊ ကျည်အတောင့် ၁၀၀ တိုနဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုမြို့နယ် (ပကဖ)နဲ့ CDF ဟားခါး B2, C5(Gangaw) တို့ဆီကို အလင်းဝင်ရောက်လာခဲ့ပါတယ်။


🔺 အလားတူ ၂၉ ရက်နေ့မှာပဲ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့မရဲစခန်းမှာ ရောက်ရှိနေတဲ့ ဒုတပ်ကြပ်စစ်သားတဦးက မုံရွာခရိုင်၊ အမှတ်(၂၀)တပ်ရင်း BOB (Battalion of Budalin)အဖွဲ့ဆီကို ဆက်သွယ်ပြီး MA 1 max 2 တလက်၊ MA ကျည် ၄၂၀ တောင့်၊ MA ကျည်ဘောက် ၆ ခု၊ အီနာဂါ ၂ တောင့်နဲ့အတူ အလင်းဝင်လာတယ်လို့ သိရပါတယ်။


ဒါ့အပြင် ဖေဖော်ဝါရီလထဲမှာ အခြားဖြစ်စဉ်တွေအနေနဲ့လည်း 


🔺 တန့်ဆည်မြို့နယ်၊ကံထူးမနယ်မြေရဲစခန်းမှ ရဲတပ်သားတဦးဟာ ရွှေဘိုခရိုင်အမှတ်(၁၄)တပ်ရင်း ၊ ရေဦး PDF ထံကိုလက်နက် ခဲယမ်းများနဲ့အတူ အလင်းဝင်ရောက်လာခဲ့ပါတယ်။


🔺 ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ထံကိုလည်း MA -11 (1)လက် ၊ ကျည်ဘောက် (၇) ဘောက် ၊ကျည် (၂၅၀) ၊ ဆိုင်ကယ်တစ်စီးနဲ့ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို ဂုဏ်ပြုဆုငွေ ပေးအပ်ခဲ့ပါတယ်။


🔺စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်က SNA တပ်သား တပ်စိတ်မှူးရာထူးအဆင့်ရှိသူတဦးဟာ Ak-22 ဒင်ခေါက်တစ်လက် ၊ ကျည်ဘောက် ၂ ခု ၊ ကျည် အတောင့် ၁၅ တောင့်နဲ့အတူ ခန္တီးခရိုင် အမှတ် (၃)တပ်ရင်း(HPDF -124)ထံကို အလင်းဝင်ရောက်လာခဲ့ပါတယ်။ 


ဒီဖြစ်စဉ်တွေကိုကြည့်ရင် တော်လှန်ရေးရဲဘော်တွေအနေနဲ့ အလင်းဝင်ရောက်လာတဲ့ CDM တပ်သားတွေကို IHL/ IHRL စတဲ့ နိုင်ငံတကာဥပဒေများအရ လူ့အခွင့်အရေး ၊ စစ်သားဂုဏ်သိက္ခာတွေကို အပြည့်အဝပေးပြီး လက်ခံထားလျက်ရှိသလို ပါလာတဲ့ လက်နက်ခဲယမ်းများအတွက်လည်း ဆုကြေးငွေတွေ ချီးမြှင့်ပေးလျက်ရှိပါတယ်။


လတ်တလော အကြမ်းဖက်စစ်ကောင်စီတွေရဲ့ အောက်ခြေတပ်သားငယ်တွေဆီက အသံခပ်စိတ်စိတ်ထွက်လာတဲ့အထဲမှာ စစ်မတိုက်နိုင်တဲ့ စစ်သားအိုကြီးတွေကြောင့် ၎င်းတို့စစ်သားအငယ်တွေအနေနဲ့ နေရာတိုင်း အားကုန်သုံးနေရတာကြောင့် လူအင်အား စိတ်အင်အားပြုန်းတီးလာရတဲ့အကြောင်းတွေ ပါဝင်ပါတယ်။


ဒီပုံစံတိုင်းသာဆ်ို အကြောင်းအမျိုးမျိုးကြောင့် အလင်းဝင်လာဦးမယ့် စစ်သားတွေ နိုင်ငံ့အနှံ့တိုးပွားလာဦးမှာဖြစ်ပါတယ်။


လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။


#PDFInsight

3 comments:

စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို

 စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး  ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို ရန်ကုန်၊ စက်တင်ဘာ ၂၀  အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်...