Tuesday 26 March 2024

Breaking News- မောင်တောမြို့နယ်၊ တမန်းသားရဲကင်းစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ဦးခန့်လက်နက်ချအညံ့ခံ



 Breaking News- မောင်တောမြို့နယ်၊ တမန်းသားရဲကင်းစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ဦးခန့်လက်နက်ချအညံ့ခံ


■ လက်နက်မချဘဲ ထွက်ပြေးသူများကို လိုက်လံတိုက်ခိုက်ရာ စစ်သား ၂၀ ကျော်သေဆုံး


ရန်ကုန် ၊ မတ် ၂၆  


ရက္ခိုင့်တပ်တော် AA က လနဲ့ချီဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားတဲ့ ရခိုင် ပြည်နယ်၊ မောင်တောမြို့နယ်၊ တမန်းသားရဲကင်းစခန်းမှ တပ်ဖွဲ့ဝင် အင်အား ၁၀၀ ဦးခန့် မတ်လ ၂၅ ရက်နေ့မှာ လက်နက်ချ အညံ့ခံလာတယ်လို့ ရက္ခိုင့်တပ်တော် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။


မောင်တောမြို့နယ်ထဲက တမန်းသားရဲကင်းစခန်းကို ရက္ခိုင့်တပ်တော်က ၁ လနီးပါး ပိတ်ဆို့ဖြတ် တောက်ဝိုင်းရံထားပြီးနောက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ခန့်ဟာ မတ်လ ၂၅ ရက်နေ့မှာ လက် နက်ချ အညံ့ခံလာတယ်လို့ သိရပါတယ်။ 


အဆိုပါ တမန်းသား ရဲကင်းစခန်းမှ လက်နက်ချ အညံ့ခံခြင်းမရှိဘဲ ထွက်ပြေးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်လံရှင်းလင်းခဲ့ရာ စစ်သားအလောင်း ၂၀ ကျော်၊ လက်နက်ခဲယမ်းတွေကို AA က သိမ်းဆည်းရရှိခဲ့ပါတယ်။


ဓာတ်ပုံ- AA က ဥပဒေနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ထားသော လက်နက်ချ အညံ့ခံသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ဦးဝန်းကျင်ကို တွေ့ရစဉ်။

4 comments:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...