Tuesday, 26 March 2024

ကုန်းလောမြို့အခြေစိုက် ခမရ(၃၈၇) တပ်ရင်းကို KIA သိမ်းပိုက်


 ကုန်းလောမြို့အခြေစိုက် ခမရ(၃၈၇) တပ်ရင်းကို KIA သိမ်းပိုက်


ထားမြတ်/People’s Spring


ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိ ကုန်းလောမြို့ အခြေစိုက် ခမရ(၃၈၇)တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့မနက်တွင် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။


ခမရ(၃၈၇) တပ်ရင်းဌာနချုပ်စခန်းကို မတ်လ ၂၆ရက် နံနက် ၇နာရီ ၄၀မိနစ်တွင် သိမ်းနိုင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ် သေဆုံးထိခိုက်မှု၊ လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှုအပါအဝင် အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။


KIAသည် မတ်လ ၂၁ရက်ကလည်း မြစ်ကြီးနား - ဗန်းမော်လမ်းရှိ နွမ့်လန်အခြေစိုက် ခမရ(၄၃၈) တပ်ရင်း၊ အမှတ်(၆၁၆) ဒုံးတပ်ရင်းတို့ကို သိမ်းပိုက်ခဲ့ပြီး မတ်လ ၂၃ရက်တွင် နောင်ကောန်အခြေစိုက် အမြောက်တပ်(၃၇၀)တပ်ရင်းကို သိမ်းပိုက်နိုင်ခဲ့သည်။


KIAသည် မတ်လ ၇ရက်မှစ၍ စစ်ကောင်စီတပ် စခန်းအများအပြားကို တိုက်ခိုက်သိမ်းပိုက်နေခြင်းဖြစ်ပြီး လက်ရှိတွင် ဆွမ်ပရာဘွမ် စစ်ကောင်စီစခန်းရရှိရေး ဆက်လက်ထိုးစစ်ဆင်လျက်ရှိသည်။ ဆွမ်ပရာဘွမ်စခန်းကို မတ်လ ၁၃ရက်က စတင်ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး စစ်ကောင်စီက လေကြောင်းပစ်ကူများဖြင့် ခုခံလျက်ရှိသည်။ 


ထို့ပြင် မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့အနီး ခလရ(၁၄၁) စစ်ကောင်စီတပ်ရင်းကိုလည်း KIAက ထိုးစစ်ဆင်လျက်ရှိသည်။


မတ်လအတွင်း ဖားကန့်၊ မံစီ၊ လိုင်ဇာ၊ ဝိုင်းမော်၊ မိုးမောက်၊ တနိုင်း၊ ဆွမ်ပရာဘွမ်ဒေသများရှိ စစ်ကောင်စီတပ်စခန်း ၄၀ကျော်ကို KIAက သိမ်းပိုက်ထားပြီး မံစီမြို့နယ်နှင့် မချမ်းဘောမြို့နယ်တို့တွင်လည်း KIAက မတိုက်ခိုက်ရဘဲ စစ်ကောင်စီတပ်များ စခန်းစွန့် ထွက်ပြေးသည့် တပ်စခန်း အနည်းဆုံး ၆ခုထိရှိသည်ဟု စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးထားသည်။


(ကုန်းလောမြို့အခြေစိုက် ခမရ(၃၈၇) တပ်ရင်းအား တွေ့ရစဉ်)

5 comments:

KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း

 KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring  ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...