Friday 8 March 2024

နှစ်ပွင့် ဗိုလ်တစ်ဦးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၅ ဦးကို လက်နက်များနဲ့အတူ CDF-Hakha ဖမ်းဆီး


 နှစ်ပွင့် ဗိုလ်တစ်ဦးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၅ ဦးကို လက်နက်များနဲ့အတူ CDF-Hakha ဖမ်းဆီး

===========================

၈၊ မတ်လ၊၂၀၂၄

Zalen


ချင်းပြည်နယ် ဟားခါးမြို့ပေါ် နတလ ကျောင်းမှာ လုံခြုံရေးတာဝန်ထမ်းဆောင်နေကြတဲ့ အကြမ်းဖက် စစ် ကောင်စီလက်အောက်ခံ နှစ်ပွင့်ဗိုလ် တစ်ဦးအပါအဝင် ရဲ့တပ်ဖွဲ့ဝင် ၅ ဦးတို့ကို လက်နက်များနဲ့အတူ CDF-Hakha တပ်မဟာ ၄ က ဖမ်းဆီးရမိခဲ့တယ်လို့ မှတ်တမ်းဗီဒီယိုနဲ့တစ်ကွ ဒီကနေ့ ထုတ်ပြန်ပါတယ်။


Chinland Defense Force – Hakha တပ်မဟာ ၄ တပ်ဖွဲ့ဝင်များက မတ်လ ၆ ရက်နေ့ မှာ ရုန်း စစ်ဆင်ရေးတစ် ခုဆင်နွဲခဲ့ရာ ပြည်နယ် နတလ ကျောင်းမှာလုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင် ၅ ဦးတို့ကို ညနေ ၇ နာရီခွဲဝန်းကျင်မှာ လက်နက်များနဲ့အတူဖမ်းဆီးခဲ့တာဖြစ်ပါတယ်။


“ပြည်နယ် နတလ ကျောင်းမှာလုံခြုံရေးယူနေကြတဲ့ နှစ်ပွင့်ဗိုလ်တစ်ဦးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၅ ဦးတို့ကို CDF-Hakha တပ်မဟာ ၄ က ဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်၊သူတို့အိပ်ယာထဲကို ဝင်ပြီးတော့သွားဖမ်းတာ၊ ပစ်နေစရာ မလိုတာမို့ ကျည်ချွေတာတဲ့ အနေနဲ့ သေနတ်တစ်ချက်တောင် မဖောက်ဘဲနဲ့ဖမ်းဆီးထားတာ” လို့ CDF-Hakha တပ်မဟာ ၄ တာဝန်ရှိသူကပြောကြားထားပါတယ်။


ရဲတပ်ဖွဲ့ဝင်များဆီကနေ G3 သေနတ် ၅ လတ် နဲ့ ၆ လုံးပြူး တစ်လတ်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါ တယ်။


CDF-Hakha က လူတွေကိုမတရားသတ်ဖြတ်တဲ့ တပ်ဖွဲ့မဟုတ်တာကြောင့် ဖမ်းဆီးထားသူများကို ကောင်း ကောင်းထိန်းသိမ်း သွားမှာဖြစ်ပြီး ထမင်းများလည်းကျွေးမွေးသွားပါမယ်။ ပြည်သူများရဲ့ ထောက်ပံ့မှုနဲ့ ဒီလို ကိစ္စတွေကိုဆောင်ရွက်နိုင်တာဖြစ်တဲ့ အတွက်ဆက်လက် ကူညီထောက်ပံ့ပေးကြဖို့ နဲ့ ယခုလိုသတင်းကောင်း များ ဆက်ကြားနိုင်ဖို့အတွက် ကြိုးစားသွားမယ် လို့တာဝန်ရှိသူက ဆိုထားပါတယ်။


သတင်း - Grace

7 comments:

စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို

 စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး  ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို ရန်ကုန်၊ စက်တင်ဘာ ၂၀  အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်...