Thursday 7 March 2024

ကချင်ပြည်နယ်၊ မိုးမောက်နှင့် ၀ိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းနှင့် တပ်စွဲနေရာ ၁၂ ခုကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တပြိုင်နက်တည်းဝင်တိုက်၊ KIA ၏ ထိုးစစ်များ စတင်


 ကချင်ပြည်နယ်၊ မိုးမောက်နှင့် ၀ိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းနှင့် တပ်စွဲနေရာ ၁၂ ခုကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တပြိုင်နက်တည်းဝင်တိုက်၊ KIA ၏ ထိုးစစ်များ စတင်


ရန်ကုန်၊ မတ် ၇ 


ကချင်ပြည်နယ်၊ မိုးမောက်နှင့် ၀ိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းနှင့် တပ်စွဲနေရာ ၁၂ ခုကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တပြိုင်နက်တည်းဝင်တိုက်နေကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


"ဒီမနက် ၆ နာရီမှာ ကချင်ပြည်နယ် မီုးမောက် နဲ့ ဝိုင်းမော် မြို့နယ် တွေမှာရှိတဲ့ စစ်တပ်စခန်း၊ တပ်နေရာ ၁၂ ခုကို တစ်ချိန်တည်း၊ တပြိုင်နက်တည်း KIA နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင်နေပါတယ်။ တိုက်ပွဲပြင်းထန် နေပါတယ်" ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။ 


KIA ဦးဆောင်သော တော်လှန်ရေးမဟာမိတ်တပ်များက ထိုးစစ်ဆင်သော စစ်ကောင်စီတပ်စခန်း နေရာ ၁၂ ခုတွင် လိုင်ဇာအနီးရှိ ရွှေညောင်ပင် ခလရ ၃၂၁ တပ်စခန်း၊ ရှဒန်ပါတပ်စခန်း၊ အင်တပ်ဘွမ် တပ်စခန်း နှင့် အင်လုံခ တပ်စခန်း တို့လည်းပါဝင်ကြောင်း သိရှိရသည်။ 


လက်ရှိတွင် လိုင်ဇာအနီးရှိ တပ်စခန်းတစ်ခုကို သိမ်းဆည်းရရှိပြီသည်ဆိုသော ရှေ့တန်းသတင်းတချို့ ရောက်ရှိလာသော်လည်း ဆက်လက် အတည်ပြုရန် စုံစမ်းနေဆဲဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း အရှင်ဖမ်းဆီးရရှိသည်ဟု သိရှိရကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။ 


"လိုင်ဇာအနီးက စခန်းတွေ အကုန်လုံးကို KIA က သိမ်းပိုက်နေပြီ။ ဘွမ်ရေဘွမ်၊ ခရဘွမ်။ ဖွန်ဘန်ဘွမ်။ လိုင်ဇာ ကို လက်နက်ကြီးနဲ့ပစ်တဲ့ စစ်တပ်တောင်ကုန်းစခန်းတွေကိုသိမ်းပိုက်နေပြီ" ဟု KIA သတင်းရင်းမြစ်က ဆိုသည်။


ဓာတ်ပုံ- KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Gunhtang Gam Shawng ရှေ့တန်းစစ်မျက်နှာကို သွားရောက်စစ်ဆေးစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။ )

2 comments:

စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို

 စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး  ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို ရန်ကုန်၊ စက်တင်ဘာ ၂၀  အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်...