Wednesday 27 March 2024

ဗန်းမော်- လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီ စခန်း ၃ခုကို KIA ထပ်မံ သိမ်းပိုက်


 ဗန်းမော်- လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီ စခန်း ၃ခုကို KIA ထပ်မံ သိမ်းပိုက်


-ဆန်အောင်/People's Spring


ကချင်ပြည်နယ် ဗန်းမော်- လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီတပ်စခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်များက ယနေ့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။


မတ်လ ၂၇ရက်မနက်တွင် အဆိုပါလမ်းပိုင်းရှိ စစ်ကောင်စီတပ်စခန်း ၇ ခုကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မွန်းလွဲပိုင်းအချိန်ထိ တပ်စခန်း ၃ခု ကိုသိမ်းပိုက်ရထားပြီးဖြစ်သည်ဟုသိရသည်။


“ဒီမနက် ၇နာရီမှာ ဗန်းမော်- လွယ်ဂျယ်လမ်း တစ်လျှောက် တိုက်ပွဲပြင်းထန်နေပါတယ်။ စကစ စခန်း ၇ခု ကို KIA ပူးပေါင်းတပ်ဖွဲ့များ တစ်ချိန်တည်း ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။စခန်း ၃ခုတော့ သိမ်းလိုက်ပြီ” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။


ဗန်းမော်-မိုးမောက် - လွယ်ဂျယ် လမ်းဘေး ယောယုံတောင်

ကုန်းရှိ တပ်စခန်းများကို စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေခြင်းဖြစ်ပြီး သိမ်းပိုက်ရရှိပြီး တပ်စခန်းများ အခြေအနေ ၊ စခန်းသိမ်းတိုက်ခိုက်မှု ဖြစ်စဉ်များကို လူထုနွေဦးက ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။


 

KIAသည် မြစ်ကြီးနား -ဗန်းမော်လမ်းဘေးရှိ စစ်ကောင်စီတပ်စခန်းများကို မတ်လ ၇ရက်မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ သုံးပတ်အတွင်း တပ်ရင်းဌာနချုပ်များ အပါအဝင် အဆိုပါ မြစ်ကြီးနား - ဗန်းမော်လမ်းရှိ စခန်းအားလုံးနီးပါးကို သိမ်းပိုက်ရရှိခဲ့သည်။ KIA၏ စစ်ဆင်ရေး သုံးပတ်တာ အတွင်း မြစ်ကြီးနား- ဗန်းမော်လမ်းရှိ တပ်စခန်းများအပါအဝင် တပ်စခန်း ၅၀ ခုနီးပါးကို သိမ်းနိုင်ခဲ့ခြင်းလည်းဖြစ်သည်။ ထိုသို့သိမ်းပိုက်ပြီးနောက် ဗန်းမော် -လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီတပ်စခန်းများကို ယနေ့မတ်လ ၂၇ရက်မှစ၍ ထပ်မံ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်သည်။


(စစ်ကောင်စီတပ်စခန်းတစ်ခုကို သိမ်းပိုက်ပြီးနောက် KIA တပ်ဖွဲ့ဝင်များကိုတွေ့ရစဥ်။ဓါတ်ပုံ-CJ )

3 comments:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...