Wednesday 27 March 2024

လေကြောင်းပစ်မှတ်များကို ချေမှုန်းခြင်း


 လေကြောင်းပစ်မှတ်များကို ချေမှုန်းခြင်း


ပြောက်ကျားတပ်တွေအနေနဲ့ လေတပ်ကို ချေမှုန်းဖို့ အကောင်းဆုံး အခွင့်အလမ်းဟာ မြေပြင်မှာ တိုက်ခိုက်ရေး ဖြစ်ပါတယ်။ လက်ရှိကာလမှာ စစ်တပ်ရဲ့ လေကြောင်းပစ်မှတ်တွေ ဖြစ်တဲ့ လေတပ်စခန်းတွေ၊ လေယာဉ်ဆီ တင်သင်္ဘောတွေ၊ လေတပ်အရာရှိ အိမ်ရာတွေကို ပစ်မှတ်ထား ဖောက်ခွဲမှုတွေ ပေါ်ထွက်လာပြီ ဖြစ်ပါတယ်။ 


သိသာထင်ရှားဆုံးက 

- ရန်ကုန်မြို့ စစ်တပ်ပိုင် MEC ထီးတန်း ဆိပ်ကမ်းမှာ ကပ်ထားတဲ့ လေယာဉ်ဆီတင် သင်္ဘောကို ရန်ကုန်တိုင်း ပကဖ ရေငုပ်အထူးတပ်ဖွဲ့က ဖေဖော်ဝါရီလ (၂၉) ရက်နေ့မှာ ဖောက်ခွဲ တိုက်ခိုက်နိုင်မှု၊ 

- လေယာဉ်ဆီ တင်သွင်းနေတဲ့ MEC အရာရှိတွေ နေထိုင်ရာ ရန်ကုန်မြို့ မြဝတီအရာရှိ ရိပ်သာ ကို ရန်ကုန်တိုင်း ပကဖ က မတ်လ (၁၀) ရက်နေ့မှာ ဖောက်ခွဲတိုက်ခိုက်ခဲ့မှုတွေပဲ ဖြစ်ပါတယ်။ 


ဒါ့အပြင် တောင်ငူလေတပ်စခန်းကိုလဲ Mountain Knights Civilian Defense Force က Brave Warriors for Myanmar အဖွဲ့ရဲ့ စီမံမှုနဲ့ ၁၀၇ မမ ဒုံး (၅) လုံး နဲ့ မတ်လ (၁၄) ရက်နေ့မှာ ပစ်ခတ်ခဲ့ပါတယ်။ ဒီဖြစ်စဉ်တွေဟာ ဒီရက်ပိုင်းမှာ ပေါ်လာတဲ့ လေတပ် ပစ်မှတ်တွေကို မြေပြင် နဲ့ ရေပြင်မှာ ဖောက်ခွဲတိုက်ခိုက်ခဲ့မှုတွေ ဖြစ်ပါတယ်။


 တိုင်းရင်းသားဒေသတွေမှာလဲ ရန်သူ့ လေတပ် လေယာဉ်တွေကို ဝေဟင်မှာပါ ပစ်ခတ် ချေမှုန်းလျက်ရှိပါတယ်။ 

- ရှမ်းမြောက် နဲ့ ရခိုင် စစ်ဆင်ရေး အတွင်း လေယာဉ်ပစ် စက်သေနတ်ကြီးတွေ အမြောက်အများ သိမ်းဆည်းရရှိခဲ့မှု၊ 

- တောင်ပိုင်း ဒေသမှာ လေယာဉ်ပစ် ပခုံးထမ်း ဒုံးတွေ ထုတ်ဖော်ပြသမှု၊ 

- ကချင်၊ ရခိုင် နဲ့ မြေပြန့် ဒေသ စစ်ဆင်ရေးတွေဟာ လေတပ်စခန်းတွေ အနားကို ပိုမို ရောက်ရှိလာမှုတို့နောက်မှာ လေတပ်ပစ်မှတ်တွေ ထပ်မံ ချေမှုန်းခံရနိုင်ပါတယ်။ 


မြို့ပြဒေသမှာလဲ လေယာဉ်ဆီ ထောက်ပို့လမ်းကြောင်း၊ လေတပ် အရာရှိတွေ သာမက လေယာဉ်ပြင်ထိန်း အမှုထမ်းတွေ၊ စစ်လေယာဉ်မှူးတွေကို ရှာဖွေ ရှင်းလင်းမှုတွေ ထပ်မံ ပေါ်ပေါက်လာပါတယ်။ နိုင်ငံတဝန်းက အရပ်သား ပြည်သူတွေကို လေကြောင်းက တဖက်သက် ဗုံးကြဲ သတ်ဖြတ်နေတဲ့ လေတပ် အရာရှိတွေ အနေနဲ့ တော်လှန်ရေး အင်အားစုတွေရဲ့ လက်စားချေ တိုက်ခိုက်မှုကနေ လွတ်နိုင်မှာ မဟုတ်ဘူးဆိုတာ လက်ရှိ ပေါ်ပေါက်နေတဲ့ လေတပ် ပစ်မှတ်တွေအပေါ် တိုက်ခိုက်မှုတွေက ဖော်ပြနေပါတယ်။


လက်ရှိ စစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။ 


#PDFInsight

4 comments:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...