Thursday 28 March 2024

ဖာပွန်မြို့ ကို KNU သိမ်းပိုက်


 || Breaking News ||


ဖာပွန်မြို့ ကို KNU သိမ်းပိုက်


▪︎ဖာပွန်မြို့ပေါ်ရှိ စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့အားလုံး ဆုတ်ခွာသွားဟု KNU တပ်မဟာ(၅) အတည်ပြု


ထားမြတ်/People’s Spring


ကရင်ပြည်နယ် ဖာပွန်မြို့ပေါ်ရှိ စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့များအားလုံး မြို့ကို စွန့်ခွာကာ မြို့အနီး ဗျူဟာကုန်း၌ စုစည်းနေကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကလယ်ဒိုက အတည်ပြုသည်။


ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၅) နှင့် ပူးပေါင်းတပ်ဖွဲ့များကဖာပွန်မြို့ပေါ်ရှိ စစ်ကောင်စီတပ်များအား မတ်လ ၁၉ ရက်မှ စတင် ဝိုင်းရံပိတ်ဆို့ထားသည့် အခြေအနေတွင် ယနေ့ စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာသွားခြင်းဖြစ်သည်ဟုသိရသည်။


“ မြို့ထဲမှာ ရှိတဲ့ တပ်ရင်းတပ်ဖွဲ့ကတော့ သူတို့ မနေတော့ဘူး။ ပြန်ဆုတ်လိုက်တယ် ပြောတယ်။ ဖာပွန်မြို့ပေါ်မှာကတော့ အခု အဲဒီမှာ ရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေပဲ သူတို့ လာပြီးတော့ စခန်းတွေ တည်ဆောက်ပြီးနေကြတာ။ ဒါပေမဲ့ အခုအခြေအနေအပေါ်မှာ သူတို့ အဲဒီမှာ မနေတော့ဘူး။ သူတို့ ပြန်ဆုတ်ပြီးတော့ သူတို့ တပ်ရင်းဌာနချုပ်ပေါ့နော် နောက်ပြီးတော့ ဗျူဟာကုန်း အဲဒီမှာ ပြန်ပြီး စုနေကြတယ်။ ရဲလည်း မရှိတော့ဘူး ရဲလည်း အဲဒီဘက်မှာပဲ သွားနေကြတယ်” ဟု ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောသည်။


စစ်ကောင်စီတပ်များ ဆုတ်ခွာသွားသည့် ဗျူဟာကုန်းသည် ဖာပွန်မြို့နှင့် ၃ မိုင်ခန့်သာ ကွာဝေးသည်ဟုသိရသည်။


KNLA အနေဖြင့် မတ်လ ၁၉ရက်က စတင်ပြီး စစ်ကောင်စီတပ်များ ဖယ်ရှားနိုင်ရေး ပိတ်ဆို့ထားသော်လည်း ကြီးမားသည့် ထိုးစစ်ဆင်မှု မျိုးမပြုလုပ်ဘဲ ပြောက်ကျားတိုက်ခိုက်မှု အချို့သာ ပြုလုပ်ခဲ့သည်။ စစ်ကောင်စီတပ်ကလည်း ဖာပွန်မြို့နှင့် ဒေသတွင်း ကျေးရွာများအား ဒရုန်းတိုက်ခိုက်မှု၊ လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အရပ်သားပြည်သူသေဆုံးထိခိုက်မှု၊ နေအိမ်ပျက်စီးမှုများ ရှိခဲ့သည်။


(KNU/ KNLA တပ်မဟာ (၅) မှတပ်ဖွဲ့ဝင်များ/ ဖာပွန်မြို့အဝင်ဆိုင်းဘုတ် နှင့် ဖာပွန် မြို့ကို Google Map တွင်တွေ့ရမှု ။ဓါတ်ပုံ-KNU ၊CJ )

3 comments:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...