Friday, 29 March 2024
လွယ်ဂျယ်မြို့ကို KIA ယနေ့ ဝိုင်းပတ်ပိတ်ဆို့ထားပြီးစစ်ကောင်စီနှင့် ဝန်ထမ်းများထွက်ခွာခွင့် တစ်ရက် အချိန်ပေး
လွယ်ဂျယ်မြို့ကို KIA ယနေ့ ဝိုင်းပတ်ပိတ်ဆို့ထားပြီးစစ်ကောင်စီနှင့် ဝန်ထမ်းများထွက်ခွာခွင့် တစ်ရက် အချိန်ပေး
ဆန်အောင်/People’s Spring
မြန်မာ- တရုတ်နယ်စပ် လွယ်ဂျယ်မြို့ကို ကချင်လွတ်လပ်
ရေးတပ်မတော်(KIA)က ၀ိုင်းပတ်ပိတ်ဆို့ထားပြီး စစ်ကောင်စီတပ်နှင့် စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများ ထွက်ခွာခွင့်ပေးထားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ဗန်းမော်- လွယ်ဂျယ် လမ်းရှိ ယောယုံဗျူဟာစခန်းအပါ
အဝင် စစ်ကောင်စီ၏ တပ်စခန်း ၇ခုကို KIAက မတ်လ ၂၇ ရက်နှင့် ၂၈ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ယနေ့မနက်တွင် လွယ်ဂျယ်မြို့ကို ဝိုင်းပတ်ပိတ်ဆို့ထားခြင်းဖြစ်သည်။
“လွယ်ဂျယ်ကို ဝင်မသိမ်းသေးပါဘူး။စစ်တပ်နဲ့ အစိုးရ ဝန်ထမ်း(စစ်ကောင်စီတပ်ဖွဲ့နှင့် စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများ)တွေကို ထွက်ခွာခွင့် အချိန်ပေးထားတယ်။” စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
လွယ်ဂျယ်မြို့ကို ဝိုင်းထားပြီး စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့နှင့် ဝန်ထမ်းများထွက်ခွာခွင့်ကို ယနေ့ ၁ ရက်အချိန်ပေးထားသည်ဟု သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ တရုတ်ဘက် ဝင်ရောက်လာပါက တရုတ်ဘက်က နယ်စပ်ဂိတ်ဖွင့်ပေးမည့် အခြေအနေ ရှိသည်ဟုလည်း သတင်းရင်းမြစ်က ပြောပြသည်။
လွယ်ဂျယ်မြို့သည် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး စခန်းရှိသော မြို့ ဖြစ်သည်။ အဆိုပါနယ်စပ်ကုန်သွယ်ရေးစခန်းကို အဓိက ထိန်းချုပ်ထားသော ယောယုံစခန်းကို KIA က ယမန်နေ့က သိမ်းပိုက်ခဲ့သည်။
လွယ်ဂျယ်မြို့ အခြေအနေနှင့်ပတ်သက်၍ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။
လွယ်ဂျယ်တွင် တပ်စခန်းတစ်ခုသာကျန်ရှိပြီး အဆိုပါ တပ်ထံသို့ မြေပြင်မှ စစ်ကူလာရောက်ရန်လည်း မဖြစ်နိုင်တော့ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ယနေ့မနက်တွင် လွယ်ဂျယ်၌ ပစ်ခတ်မှု အချို့ရှိခဲ့သော်
လည်း တိုက်ပွဲဖြစ်ပွားမှု မရှိသေးဘဲ စစ်ကောင်စီဘက်က တစ်ဖက်သတ် ပစ်ခတ်ခြင်းသာဖြစ်ကြောင်း အခြား စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။
KIA ၏ ရက်ပိုင်းအတွင်း စစ်ဆင်ရေး၌ ဗန်းမော်- လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီတပ်စခန်းများ သိမ်းပိုက်နိုင်ပြီဖြစ်၍ အဆိုပါလမ်းပိုင်း၌ စိန်လုံဗျူဟာစခန်းကြီးတစ်ခုသာကျန်တော့သည်။
Subscribe to:
Post Comments (Atom)
KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း
KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...
-
Mr Kyi Hlah, who was a winner of a raffle fundraising ticket that was made for supporting the local anti-junta resistance forces in Khin-U ...
-
Thai military raids Mae Sot hideout of supposed anti-regime forces March 23, 2023 The Thai military raided a four-story building in Mae Sot...
-
ဗန်းမော်၊ အမ်းကို သိမ်းယူပြီးနောက် …………………………… ကချင်ပြည်နယ်၊ ဒုတိယမြို့တော် ဖြစ်တဲ့ လူဦးရေ ၅ သောင်းကျော်နေထိုင်ရာ ဗန်းမော်မြို့ကို ကချင်လွတ...

Done✊
ReplyDeleteDone
ReplyDeleteClick done 💮
ReplyDeleteClicked 💮
ReplyDelete