Monday 1 April 2024

ထားဝယ်မြို့နယ်ရှိ အမြောက်တပ် (၃၀၂)တပ်ရင်းသို့ အင်းအားဖြည့်တင်းရန် လာရောက်သည့် စစ်ကောင်စီတပ် ကားနှစ်စီးကို တော်လှန်ရေးတပ်များက တိုက်ခိုက်ရာ တစ်စီးပျက်စီး



 ထားဝယ်မြို့နယ်ရှိ အမြောက်တပ် (၃၀၂)တပ်ရင်းသို့ အင်းအားဖြည့်တင်းရန် လာရောက်သည့် စစ်ကောင်စီတပ် ကားနှစ်စီးကို တော်လှန်ရေးတပ်များက တိုက်ခိုက်ရာ တစ်စီးပျက်စီး

https://www.youtube.com/TachileikNewsAgency/?sub_confirmation=1

* * * * *


တနင်္သာရီတိုင်း ထားဝယ်မြို့နယ်ရှိ အမြောက်တပ် (၃၀၂)တပ်ရင်းသို့ အင်းအားဖြည့်တင်းရန် လာရောက်သည့် စစ်ကောင်စီတပ်ကား(၂)စီးကို တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ရာ ကားတစ်စီးပျက်စီးပြီး စစ်ကောင်စီတပ်သားအများအပြားသေကြောင်း ဗထူးတပ်မတော်(BAH)ထံမှ သိရသည်။


အမြောက်တပ် (၃၀၂)တပ်ရင်းသို့ အင်းအားဖြည့်တင်းရန် လာရောက်သည့် စစ်ကောင်စီတပ်သားများသည် မြေတင်ကား(၂)စီးဖြင့်လာရာ ရေး-ထားဝယ်လမ်းမကြီးတွင် တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


အဆိုပါကြားဖြတ်တိုက်ခိုက်မှုကြောင့် မြေတင်ကားတစ်စီးထိမှန်၍ တိမ်းမှောက်ပျက်စီးကာ ကားပေါ်ပါ စစ်ကောင်စီတပ်သား(၄၀)ဦးဝန်းကျင် ထိခိုက်သေဆုံးပြီး အများအပြား ဒဏ်ရာရသွားကြောင်း သိရသည်။


တိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ(၆)၊ တပ်ရင်း(၂၇)နှင့် ဗထူးတပ်မတော် (BHA)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


၂၀၂၄ခုနှစ် စစ်ကောင်စီတပ်အား စစ်ရေးအရှိန်မြင့်ကာ အမြစ်ပြတ်တိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် စစ်ရေးအသိသတိဖြင့် သွားလာနေထိုင်ကြရန်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များမှ တရားဝင်အသိပေး ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်များအား လေးစားလိုက်နာရန်လည်း ထုတ်ပြန်ထားသည်။


စစ်ကောင်စီ၏ လက်ကိုင်တုတ်ဖြစ်သော ပျူစောထီးများ၊ ပြည်သူ့စစ်များနှင့် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များအနေဖြင့် တနိုင်ငံလုံးအတိုင်းအတာ ကျရှုံးမှုပေါင်းများစွာဖြင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီတပ်အား စွန့်ခွာ၍ ပြည်သူ့ရင်ခွင်သို့ အမြန်ဆုံး ခိုလှုံဝင်ရောက်ကြရန် တိုက်တွန်းထားသည်။


News : https://www.tachileik.net/mm/news/35556


#TachileikNewsAgency

Photo: Ba Htoo Army-BHA

4 comments:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...