Tuesday 30 April 2024

ဝါးပိုးချပ်ကျေးရွာ စခန်းသိမ်းတိုက်ပွဲတွင် ဒုတိယဗိုလ်မှုးကြီး တင်ကို အပါအဝင် (၁၁)ဦး သေဆုံးပြီး ၁၅ ဦး လက်နက်ချ အညံ့ခံ


 ဝါးပိုးချပ်ကျေးရွာ စခန်းသိမ်းတိုက်ပွဲတွင် ဒုတိယဗိုလ်မှုးကြီး တင်ကို အပါအဝင် (၁၁)ဦး သေဆုံးပြီး ၁၅ ဦး လက်နက်ချ အညံ့ခံ


RNA_ဧပြီ(၃၀)၊၂၀၂၄ ခုနှစ်။


အာဏာသိမ်းစစ်ကောင်စီအတွက် အရေးပါသော မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ဝါးပိုးချပ်ကျေးရွာရှိစစ်ကောင်စီအထိုင်စခန်းအား ဧပြီလ (၂၈) ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲဘော်များက အပြီးသတ် သိမ်းပိုက်တိုက်ပွဲတွင် ဒုတိယဗိုလ်မှုးကြီး တင်ကို အပါအဝင် (၁၁)ဦး သေဆုံးပြီး ၁၅ ဦး လက်နက်ချ အညံ့ခံခဲ့ကြောင်း သိရသည်။ 


ဝါးပိုးချပ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းသိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဒုတိယဗိုလ်မှုးကြီး တင်ကို အပါအဝင် (၁၁)ဦး သေဆုံးခဲ့ကြောင်း၊ စစ်ကောင်စီတပ်သား (၁၅) ဦး လက်နက်ချ အညံ့ခံခဲ့ပြီး၊ လက်နက်ငယ် (၁၉) လက်၊ ၆၀ မမ စိန်ပြောင်း (၁)လက် အပါအဝင် ခဲယမ်း အများအပြားလည်း သိမ်းဆည်းရမိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်ထားသည်။ 


စဉ့်ကူးမြို့နယ် ဝါးပိုးချပ်ကျေးရွာတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း၊ စဉ့်ကူးမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ အခြားစခန်းငယ်တစ်ခုအားလည်း သိမ်းပိုက်ရရှိပြီးဖြစ်ကြောင်း၊ နောင်ချိုမြို့နယ် သရက်ကုန်းကျေးရွာ စစ်ကောင်စီစခန်းအား သိမ်းပိုက်ထားပြီးနောက် နေ့စဉ်တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုများလည်း နေ့စဉ် အဆက်မပြတ် ပြုလုပ်လျက်ရှိကြောင်း သိရသည်။


ဝါးပို့ချပ်ကျေးရွာတိုက်ပွဲအတွက် လက်နက်ချအညံ့ခံသည့် ရုပ်သံကြည့်ရန် >>>>> https://t.me/rednewsagency/6392


#RedNewsAgency

Website - https://rednewsagency.com/

Youtube- https://www.youtube.com/@rednewsmm/

Telegram- https://t.me/rednewsagency/ 

YouTube-subscribers : https://www.youtube.com/@rednewsmm/?sub_confirmation=1

1 comment:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...