Wednesday 1 May 2024

သပိတ်ကျင်းမြို့နယ်၊ လိပ်ကျရွာ၌ တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်မှု ၈ ဦး သေဆုံးပြီး ၁ ဦး အရှင်မိ၊ ၄ မိုင်ရွာရှိ စစ်စခန်းကိုလည်း ပစ်ခတ် တိုက်ခိုက်


 သပိတ်ကျင်းမြို့နယ်၊ လိပ်ကျရွာ၌ တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်မှု ၈ ဦး သေဆုံးပြီး ၁ ဦး အရှင်မိ၊ ၄ မိုင်ရွာရှိ စစ်စခန်းကိုလည်း ပစ်ခတ် တိုက်ခိုက်


ရန်ကုန်၊ ဧပြီ ၂၈


မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာ စာသင်ကျောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သားနှင့် ပျူစောထီး ၈ ဦး သေဆုံးခဲ့ကြောင်း သပိတ်ကျင်းမြို့နယ် ပကဖ ဗိုလ်လင်းယုန်တပ်ဖွဲ့ထံမှ သိရသည်။


ဧပြီလ ၂၂ ရက်နေ့တွင် သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာ စာသင်ကျောင်းအတွင်း အထိုင်ချတပ်စွဲ ထားသော အကြမ်းဖက်စစ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက ၂ ဖွဲ့ခွဲ၍ အနီးကပ် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။


ထို့ပြင် လိပ်ကျရွာမှ ပျူစောထီး သာဌေး ကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက ဖမ်းဆီးနိုင်ခဲ့သော်လည်း ထွက်ပြေးသောကြောင့် ပစ်ခတ် ဖမ်းဆီးရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ သေဆုံးသွားသော ပျူစောထီး သာဌေး ထံ မှ GLock-19 သေနတ် ၁ လက် သိမ်းဆည်းရမိခဲ့ကြောင်း၊ အလားတူ သပိတ်ကျင်းမြို့နယ်၊ လက်ပံပြန့်ကျေးရွာမှ ပျူစောထီး ရဲလင်းကိုလည်း အရှင် ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။


ဧပြီလ ၂၁ ရက် နေ့ကလည်း သပိတ်ကျင်းမြို့နယ် ၄ မိုင် ကျေးရွာအနီးရှိ တာဝါတိုင်ကုန်းတွင် တပ်စွဲထား သော အကြမ်းဖက်စစ်တပ် စခန်းကို တော်လှန်ရေး တပ်ဖွဲ့များ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုများကို ဗိုလ်လင်းယုန်တပ်ဖွဲ့နှင့် မင်းမခ စစ်ကြောင်းတို့က ပူး‌ပေါင်း လုပ်ဆောင်ခဲ့ ကြောင်း သိရှိရသည်။

1 comment:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...