Wednesday 24 April 2024

စစ်ကောင်စီ အရာရှိ ၁ယောက် လက်ဖက်ရည်ဆိုင်ထိုင်ရင်း အပစ်ခံရပြီး သေဆုံး


 စစ်ကောင်စီ အရာရှိ ၁ယောက် လက်ဖက်ရည်ဆိုင်ထိုင်ရင်း အပစ်ခံရပြီး သေဆုံး

+++++++++++++

ဧပြီ ၂၄ ၊ ၂၀၂၄


မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကန်သာယာကျေးရွာအနီးက လက်ဖက်ရည်ဆိုင်တခုမှာ မတ္တရာမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ၁ ဖြစ်သူ သက်နိုင်စိုး သေနတ်ပစ်ခံရလို့ သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။


ဒီနေ့ ဧပြီလ ၂၄ရက် မနက် ၉ နာရီကျော်လောက်မှာ လက်ဖက်ရည်ဆိုင်ထိုင်နေရင်း သေနတ်နဲ့ ၄ချက် အပစ်ခံရပြီး နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။


“မနက်က လက်ဖက်ရည်သောက်နေတဲ့အချိန် ဝင်ပစ်သွားတာ။ မန္တလေး-မိုးကုတ် သွားတဲ့လမ်းပေါ်က စု လက်ဖက်ရည်ဆိုင်မှာ တယောက်တည်း ထိုင်နေတဲ့အချိန် အပစ်ခံရတာ။ ဘယ်လက်နက်ကိုင်အဖွဲ့က ပစ်တယ်ဆိုတာကို မသိရသေးဘူး” လို့ မတ္တရာမြို့မှာ နေထိုင်သူတယောက်က ပြောပါတယ်။


သေနတ်နဲ့ ပစ်ခံရလို့ သေဆုံးသွားတဲ့ ဗိုလ်မှူးအဆင့်ရှိသူ သက်နိုင်စိုးဆီမှာ လက်နက်တချို့လည်း တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲ့ဒီပစ်ခတ်မှုအပြီးမှာ စစ်ကောင်စီတပ်တွေရောက်လာပြီး မတ္တရာမြို့တွင်းနဲ့ မြို့အဝင်အထွက်တွေကို ပိတ်ဆို့ရှာဖွေ စစ်ဆေးမှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။


ပုံစာ - သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ သက်နိုင်စိုး

1 comment:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...