Saturday 6 April 2024

မြဝတီမြို့နယ်ထဲက စစ်ကောင်စီတပ်တွေအားလုံး လက်နက်ချ ■ တစ်မြို့နယ်လုံးနီးပါး တော်လှန်ရေးတပ်တွေ ထိန်းချုပ်မှုအောက် ရောက်လာ



 မြဝတီမြို့နယ်ထဲက စစ်ကောင်စီတပ်တွေအားလုံး လက်နက်ချ


■ တစ်မြို့နယ်လုံးနီးပါး တော်လှန်ရေးတပ်တွေ ထိန်းချုပ်မှုအောက် ရောက်လာ


BVJ/အိုင်းရစ် _ ဧပြီ ၆ ၊ ၂၀၂၄


မြဝတီမြို့ အခြေစိုက် စစ်ကောင်စီလက်အောက်ခံတပ်တွေကို KNLA ပူးပေါင်းတပ်တွေ သိမ်းပိုက်နိုင်ခဲ့ပြီးနောက် မြဝတီတမြို့လုံး တော်လှန်‌ရေးတပ်တွေလက်ထဲ ကျရောက်သွားပြီဖြစ်ပါတယ်။


မြဝတီ မြို့စောင့်တပ်ဖြစ်တဲ့ စစ်ကောင်စီ ခြေလျင်တပ်ရင်း အမှတ် ၂၇၅ တပ်စခန်းက အလံဖြူထောင် လက်နက်ချသွားပြီလို့ ကျားဖြူတပ်ခွဲ-၁ ကလည်း ဖော်ပြထားပြီး ကျားဖြူဗဟို တာဝန်ရှိသူတစ်ဦးကလည်း အတည်ပြုထားပါတယ်။


"၂၇၅ အလံဖြူထောင်ပြီ ၊ ၄၀၀ " လို့လည်း ကျားဖြူ တပ်ခွဲ ၁ Albino Tiger Company-1 ကလည်း ၎င်းတို့ရဲ့ Facebook Page မှာ တင်ထားပါသေးတယ်။


ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ သင်္ဃန်းညီနောင်ဗျူဟာမှူးဦးစီးတဲ့ စစ်ကောင်စီရဲ့ ခမရ (၃၅၅)၊ ခမရ (၃၅၆)၊ ခမရ (၃၅၇)၊ တပ်မ (၄၄) ထုတ်နုတ်စုပေါင်းစပ်ပေါင်းအဖွဲ့အပါအဝင် နောက်ထပ် တပ်ရင်း (၁) ရင်း စုစုပေါင်းအင်အား (၄၀၀) ကျော်လက်နက်ချသွားတယ်လို့ ဖက်ဒရယ် FM ရဲ့ရှေ့တန်းသတင်းအရင်းအမြစ်ကတစ်ဆင့် သိရပါတယ်။


ကရင်ပြည်နယ် မြဝတီမြို့အနီး သင်္ဃန်းညီနောင်မြို့နယ်ထဲက စစ်ကောင်စီ ခြေမြန်တပ်ရင်း (ခမရ) အမှတ် ၃၅၇ ဗျူဟာကုန်းစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ မဟာမိတ်ပူးပေါင်းတပ်များက မနေ့က ဧပြီ ၅ ရက် နေ့လယ်ပိုင်းမှာ သိမ်းယူနိုင်ခဲ့ပါတယ်။ 


ခမရ ၃၅၇ တပ်ရင်းစခန်းကို KNLA နဲ့ မဟာမိတ်တပ်များက သိမ်းယူနိုင်ခဲ့ပြီးနောက် သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းများနဲ့ စစ်သုံ့ပန်းများကို နေရာရွှေ့ပြောင်းပေးမှုတွေ လုပ်ဆောင်နေတယ်လို့လည်း စစ်မြေပြင်သတင်းရင်းမြစ်က သိရပါတယ်။ 


“လက်ရှိကတော့ သိမ်းဆည်းရမိတဲ့လက်နက်တွေ နေရာရွှေ့တာတွေ၊ ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေ နေရာရွှေ့တာတွေ ဒီကိစ္စတွေ လုပ်နေပါတယ်” လို့ စစ်မြေပြင် သတင်းရင်းမြစ်တစ်ဦးကလည်း အတည်ပြုပြောပါတယ်။ 


သင်္ဃန်းညီနောင်ရှီ စစ်ကောင်စီ ဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ၁၂၂ လက်နက်ကြီး (၂)လက် ၊ ၁၂၀လက်နက်ကြီး(၂)လက်အပါအဝင် အခြားလက်နက်ကြီး လက်နက်ငယ်များ ခဲယမ်းကျည်ပစ္စည်း အမြောက်အမြား သိမ်းဆည်းရရှိခဲ့တယ်လို့ KNLA ဗဟိုက ထုတ်ပြန်ထားပါသေးတယ်။


သင်္ဃန်းညီနောင် ခမရ ၃၅၇ ကို သိမ်းယူပြီးနောက် ဒီနေ့ ဧပြီ ၆ ရက်မှာ မြဝတီမြို့နယ် မြို့စောင့်တပ် တစ်ခုဖြစ်တဲ့ စစ်ကောင်စီ ခြေလျင်တပ်ရင်း (ခလရ) အမှတ် ၂၇၅ တပ်စခန်းကိုလည်း KNLA နဲ့ မဟာမိတ်တပ်များက ဝိုင်းရံပိတ်ဆို့ထားပြီး လက်နက်ချဖို့ နှစ်ဖက်ညှိနှိုင်းမှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် နောက်ဆုံးမှာ လက်နက်ချခဲ့ပါတယ်။ 


လက်ရှိအချိန်မှာ သင်္ဃန်းညီနောင်နဲ့ မြဝတီမြို့တစ်ဝိုက်ကို စစ်ကောင်စီ လေကြောင်းက ဗုံးကြဲ တိုက်ခိုက်မှုတွေ လုပ်ဆောင်နေသလို မြဝတီမြို့ပေါ်မှာလည်း ဒီနေ့ မနက်ပိုင်းကတည်းက ပြည်တွင်း ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းများ ဖြတ်တောက်သွားတယ်လို့လည်း သိရပါတယ်။

4 comments:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...