Thursday 25 April 2024

မင်းတပ်မြို့မှ ရဲတပ်သား ၁ ဦး သေနတ် ၃ လက် ယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် ငွေကျပ်သိန်း ၁၀၀ ချီးမြှင့်


 မင်းတပ်မြို့မှ ရဲတပ်သား ၁ ဦး သေနတ် ၃ လက် ယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် ငွေကျပ်သိန်း ၁၀၀ ချီးမြှင့်


ရန်ကုန်၊ ဧပြီ ၂၅


ချင်းပြည်နယ်၊ မင်းတပ်မြို့မှ ရဲတပ်သား ၁ ဦး သေနတ် ၃ လက်ယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် ငွေကျပ်သိန်း ၁၀၀ ချီးမြှင့်ခဲ့ကြောင်း CDF ကန်ပက်လက် တူမီးတပ်ရင်းထံမှ သိရသည်။


ဧပြီလ ၁၀ ရက်နေ့တွင် မင်းတပ်မြို့မှ ရဲတပ်သား မင်းထက်ရိုန်းသည် ၎င်းကိုင်ဆောင်သော G4 သေနတ် ၁ လက်၊ ကျည် ၂၈၀ တောင့်၊ ကျည်အိမ် ၄ ခု၊ BA ၉၄ သေနတ် ၁ လက်၊ ကျည် ၂၁၀ တောင့်၊ ကျည်အိမ် ၃ ခု၊ ခြောက်လုံးပြူး ၁ လက်၊ ကျည် ၅ တောင့်နှင့် လက်ပစ်ဗုံး ၁ လုံး တို့ ယူဆောင်လာပြီး CDF ကန်ပက်လက် တူမီးတပ်ရင်း တော်လှန်ရေး ပူးပေါင်းအဖွဲ့ထံ အလင်းဝင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ထို့သို့ လက်နက်နှင့်တကွ အလင်းဝင်ရောက်ခဲ့သော ရဲတပ်သား မင်းထက်ရိုန်း ကို ငွေကျပ် သိန်း ၁၀၀ ချီးမြှင့်ခဲ့ပြီး ရဲတပ်သား မင်းထက်ရိုန်း ၏ ဘဝရှေ့ရေး အဆင်ပြေစေရန် နေထိုင်ရေး၊ အလုပ်အကိုင် ရရှိရေး နှင့် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆက်လက်ဆောက်ရွက်ပေး လျက်ရှိကြောင်း သိရှိရသည်။

1 comment:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...