Thursday 25 April 2024

ဖာပွန်မြို့ စစ်ကောင်စီတပ်ရင်း ၄၃၄ ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်


 ဖာပွန်မြို့ စစ်ကောင်စီတပ်ရင်း ၄၃၄ ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်


Salween Press 

ဧပြီ ၂၅ ရက်နေ့ ၂၀၂၄  


ကရင်ပြည်နယ် ဖာပွန်ခရိုင် ဖာပွန်မြို့နယ် စစ်ကောင်စီရဲ့ နောက်ထပ်တပ်ရင်းတစ်ခုဖြစ်တဲ့ တပ်ရင်း ၄၃၄ ကို KNLA နှင့်တော်လှန်ရေးပူးပေါင်း မဟာမိတ်တပ်ဖွဲ့တို့က ဧပြီ ၂၄ ရက်နေ့တွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက် ခဲ့ တယ်လို့ နယ်မြေခံစစ်ရေးသတင်းရင်းမြစ်ထံမှသိရပါတယ်။ 


ဖာပွန်မြို့က စစ်ကောင်စီရဲ့နယ်မြေခံတပ်ရင်း ၁၉ နှင့် တပ်ရင်း ၆၄၂ နှင့် တပ်ရင်း ၄၃၄ စုစုပေါင်းတပ်ရင်း ၃ ခုတပ်စခန်းများကို KNLA နှင့်တော်လှန်ရေးပူးပေါင်းမဟာမိတ်တပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ် ပါတယ်။


“မနေ့က ၄၃၄ တပ်ရင်းဌာနချုပ်ကို တိုက်ခိုက်ခဲ့တယ်။ ဒီမနက်တော့ အပြီးသတ်ရှင်းလင်းခဲ့တယ် နှစ်ဖက်လုံးအကျအဆုံးရှိ ခဲ့တယ်။ ၄၃၄ ကိုအရင်တစ်ခါ တက်သိမ်းခဲ့သေးတယ်။ စစ်ကောင်စီ ကပြန်တက်ပြီးပြန်ရသွားတာ” ဟု နယ်မြေခံစစ်ရေး သတင်းရင်းမြစ်ကဆိုပါတယ်။  


ဖာပွန်မြို့အနီးတွင်တည်ရှိသည့် စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့များသည် တပ်ရင်း ၁၉၊ ၃၄၀၊ ၃၄၁၊ ၆၄၂၊ ဗျူဟာကုန်း နှင့် တပ်ရင်း ၄၃၄ တို့ဖြစ်ကြသည်။ 


စစ်ကောင်စီ၏ တပ်ရင်း ၁၉ နှင့် တပ်ရင်း ၆၄၂ ကိုတော့ မတ်လ ၂၉ ရက်နေ့တွင် KNLA နှင့်တော်လှန်ရေး ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။ တပ်ရင်း ၆၄၂ ကိုတော့ တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့တို့က ၀င်ရောက်ရှင်းလင်းခဲ့တာမရှိဘူးလို့သိရပါတယ်။  


ပုံ - စစ်ကောင်စီ၏ တပ်ရင်း ၄၃၄ နှင့် တပ်ရင်း ၁၉။


#Salweenpress #KNU #Papun #Karen #Burma #KNLA

1 comment:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...