Monday 8 April 2024

ခန္တီးခရိုင်အတွင်း စစ်ကောင်စီစခန်း (၄) ခုအား သိမ်းပိုက်



 ခန္တီးခရိုင်အတွင်း စစ်ကောင်စီစခန်း (၄) ခုအား သိမ်းပိုက်


ဧပြီလ ၈ ရက်

          ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ အင်ကြင်းမှော်ရွာ၊ မနော်သာရွာနှင့် ကျွန်းကုန်းရွာတွင် ခမရ (၃၆၉၊ ၃၇၀) နှင့် ပျူစောထီး ပူးပေါင်းအင်အား (၃၀၀) ကျော် အခြေပြုနေသော စခန်း (၄) ခုအား အောင်မြင်စွာ သိမ်းပိုက်ခဲ့သည်။

          မတ်လ (၃၀) ရက်မှ ဧပြီလ (၇) ရက်အထိ အထူးလှုပ်ရှား တပ်ရင်း (၄၊ ၈)၊ မော်လိုက်ခရိုင် တပ်ရင်း-၁၊ ခန္တီးခရိုင် တပ်ရင်း-၁၊ ဖောင်းပြင်မြို့နယ် ပကဖ နှင့် ဟုမ္မလင်းမြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့မှ (၉) ရက်ကြာ တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

          ရန်သူ့ထံမှ လက်လုပ် သေနတ် အလက် (၂၀) အပါ လက်နက်ငယ်မျိုးစုံ (၁၃၁) လက်၊ ကျည်မျိုးစုံ (၁၃၀၀၀) ကျော်၊ ရှေ့ထွက်မိုင်း (၂) လုံး၊ ဗုံးသီးမျိုးစုံ (၄) လုံး၊ Drone Gun (၁) လက်၊ Station Jammer (၁) ခု၊ ဓားမျိုးစုံ (၃၀) ချောင်း၊ တရုတ် စကားပြောစက် (TSSD) (၁၆) လုံး သိမ်းဆည်းရသည်။ 


အမှတ် (၁) စစ်ဒေသ

5 comments:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...