Monday, 1 April 2024

လေးကေ့ကော် ရေကန်ကုန်း စခန်းသိမ်းတိုက်ပွဲ မှတ်တမ်းဓါတ်ပုံများကို Federal Wings ထုတ်ပြန်


 လေးကေ့ကော် ရေကန်ကုန်း စခန်းသိမ်းတိုက်ပွဲ မှတ်တမ်းဓါတ်ပုံများကို Federal Wings ထုတ်ပြန်

===============

ဧပြီ ၁

Radon NUG


 ကရင်ပြည်နယ်၊ မြဝတီမြို့၊ လေးကေကော်ဒေသရှိ စစ်ကောင်စီရဲ့ ရေကန်ကုန်း တပ်စခန်းသိမ်း တိုက်ပွဲမှ ဓါတ်ပုံမှတ်တမ်းများကို တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ Federal Wings ဒရုန်းတပ်ဖွဲ့က ဧပြီ ၁ ရက်နေ့မှာ ထုတ်ပြန်ပြသ ခဲ့ပါတယ်။


 အဆိုပါ ရေကန်ကုန်း တပ်စခန်းကို မတ်လ ၃၁ ရက်မှာ တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့တာဖြစ်ပြီး စခန်းသိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။


 ၎င်းစခန်းအတွင်းမှ စစ်ကောင်စီတပ်သားများ အနေနဲ့ တော်လှန်ရေးတပ်များနဲ့ အေးဆေး ပူးပေါင်းခြင်း မရှိခဲ့တာကြောင့် တိုက်ခိုက်ရခြင်း ဖြစ်ကြောင်းကို Federal Wings ဒရုန်းအဖွဲ့က “ငါတို ကော်ဘရာဗိုလ်ကြီးတွေ ဒီလောက်သဘောကောင်း နေတာတောင်မှ အေးဆေး မပူးပေါင်းချင်ရင်တော့ ကိုယ့်ထိုက်နဲ့ကိုယ့်ကံ” ဟု ဆိုထား ပြီး ရေကန်ကုန်း တပ်စခန်းရဲ့ ထိခိုက်ပျက်စီးမှု ဓါတ်ပုံများကို ပြသခဲ့ပါတယ်။


 အဆိုပါ စစ်ဆင်ရေးကို Cobra Federal Wings ၊ KNDO Federal Wings နှင့် အခြားသော ဒရုန်း တပ်ဖွဲများ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


 ကရင်ပြည်နယ် KNU တပ်မဟာ ၆ ဒေသများတွင် ယခု ရက်ပိုင်းအတွင်း တိုက်ပွဲများ ပြင်းထန်နေပြီး KNLA ဦးဆောင်တဲ့ တော်လှန်ရေး တပ်များက မြဝတီ၊ သင်္ကန်းညီနောင်၊ လေးကေကော်၊ ဖလူး၊ ဝေါလေ စတဲ့ ဒေသများမှာ စစ်ကောင်စီ တပ်စခန်းများကို အရှိန်မြှင့် ထိုးစစ်ဆင်နေကြတာ ဖြစ်ပါတယ်။

4 comments:

KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း

 KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring  ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...