Friday, 5 April 2024

မံစီမြို့နယ်ရှိ ဟန်းထက် စစ်ကောင်စီစခန်းကို KIA သိမ်းပိုက်


 မံစီမြို့နယ်ရှိ ဟန်းထက် စစ်ကောင်စီစခန်းကို KIA သိမ်းပိုက်


ဟန်နွေ/People’s Spring


ကချင်ပြည်နယ် မံစီမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့ နံနက်တွင်တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း စစ်ရေးသတင်းရင်းမြစ် အချို့က အသိပေးသည်။


KIAသည် ယခုနှစ်ဆန်းပိုင်းတွင် မံစီရှိ စစ်ကောင်စီတပ်စခန်းအများအပြားကို တိုက်ခိုက်သိမ်းပိုက်ထားပြီး ဟန်းထက်တပ်စခန်းကို ဧပြီ ၅ရက် နံနက်တွင် ထပ်မံသိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။


အဆိုပါ တပ်စခန်းသည် မန္တလေး- ဗန်းမော် ကားလမ်းမပေါ်၌ ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။


“စခ(စစ်ကောင်စီတပ်ဖွဲ့ဝင်များ)တွေ ထွက်ပြေးသွားတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က စခန်းသိမ်းပိုက်ရရှိမှု အခြေအနေကို ပြောပြသည်။


အခြား စစ်ရေးသသင်းရင်းမြစ်တစ်ဦးကလည်း ရွှေကူမြို့ အခြေစိုက် ခမရ(၆၀၂)တပ်ရင်းမှ အင်အား ၈၀ ခန့်ရှိ ဟန်းထက်စခန်းကို ယနေ့မနက်တွင် သိမ်းပိုက်ရှင်းလင်းရရှိခဲ့သည်ဟု အသိပေးသည်။


မံစီရှိ စစ်ကောင်စီ၏ ဟန်ထက်စခန်းကို KIAတိုက်ခိုက်သိမ်းပိုက်


ဟန်ထက် (Ganhtak) စခန်းသည် မံစီမြို့ပေါ်နှင့် ကိုးမိုင်ခန့်ဝေးသည့်နေရာ၌ရှိသည်။မံစီ- နမ့်ခမ်း၊ မန်စီ - မဘိမ်း၊ မန်စီ - မန္တလေးသို့ သွားသည့် လမ်းဆုံ၌လည်းတည်ရှိပြီး စစ်ရေးအရအချက်အချာကျသည့် စခန်းဖြစ်သည်။ 

ဧပြီလ ၃ရက်တွင်စတင်တိုက်ခိုက်ပြီး သုံးရက်အကြာတွင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။


" ၃ရက်ကနေ စတိုက်တာ။ အဲ့နေ့က ရခါနီးလေကြောင်းပစ်တယ်။ ဒီနေ့မနက်တော့ ရပြီ။ သုံးရက်လောက် ချလိုက်ရတယ်" ဟု ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။


စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများကို လတ်တလော မသိရှိရသေးပေ။


ဟန်ထက်စခန်း မသိမ်းပိုက်မီ မတ်လ နောက်ဆုံးအပတ်အတွင်းကလည်း မံစီမြို့နယ် နမ့်လင်းပါ ခလရ(၁၅)မှ စစ်ကောင်စီတပ်များသည် စခန်းကို စွန့်ခွာပြီး ဟန်းထက်ရွာ၌ စုစည်းခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က အသိပေးသည်။


ထို့ပြင် မံစီမြို့နယ် လွယ်ခမ်းဗျူဟာနှင့် ဒေါ့အင်ခန် တပ်စခန်း၊ မိုင်းခေါင်ရွာသစ် ရှိ စစ်ကောင်စီတပ်စခန်းများသည်လည်း KIAကတိုက်ခိုက်ခြင်းမရှိဘဲ မတ်လ ၂၄ ရက်တွင် စခန်းကို စွန့်ခွာသွားသည်။ မံစီမြို့နယ် မဒန်ယန် စစ်ကောင်စီတပ်စခန်းသည်လည်း မတ်လ ၂၀ရက်တွင် စခန်း စွန့်ခွာသွားရာ KIAကရှင်းလင်းမီးရှို့ခဲ့သည်။


KIAသည် မတ်လ ၇ရက်က ကချင်ဒေသရှိ စစ်ကောင်စီတပ်စခန်းများအား တပြိုင်နက်တည်း ထိုးစစ်ဆင် တိုက်ခိုက်ခြင်းမပြုမီကတည်းက မံစီမြို့နယ်ရှိ မံဝိန်းကြီး၊ ကိုက်ထိပ်၊ စီခမ်းကြီး တပ်စခန်းများ အပါအဝင် ဗျူဟာစခန်းများ၊ ရှေ့တမ်းစခန်းများကို တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။

5 comments:

KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း

 KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring  ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...