Saturday 4 May 2024

ဘော်လခဲကနေ ဖားဆောင်းကို စစ်ကူလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်တပ်က (၈၀) ကျော် သေဆုံးပြီး ဗျုဟာမှူးအပါအဝင် (၅၆) ယောက် အရှင်ဖမ်းမိခဲ့တာကို DMO ၁၁၀၆ PDF တပ်ရင်း တရားဝင်ထုတ်ပြန်



 ဘော်လခဲကနေ ဖားဆောင်းကို စစ်ကူလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်တပ်က (၈၀) ကျော် သေဆုံးပြီး ဗျုဟာမှူးအပါအဝင် (၅၆) ယောက် အရှင်ဖမ်းမိခဲ့တာကို DMO ၁၁၀၆ PDF တပ်ရင်း တရားဝင်ထုတ်ပြန်

+++++++++++++++

မေလ ၄ ၊ ၂၀၂၄ 


ကယား(ကရင်နီ)ပြည်နယ်၊ ဖားဆောင်းမြို့ကို စစ်ကူလာတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရာ စစ်တပ်က (၈၀) ကျော် သေဆုံးပြီး ဗျုဟာမှူးအပါအဝင် (၅၆) ယောက် အရှင်ဖမ်းမိခဲ့တာကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ DMO ၁၁၀၆ တပ်ရင်းက မနေ့က တရားဝင်ထုတ်ပြန်ပါတယ်။ 


ဧပြီလ ၁၂ ရက်နေ့‌မှာ ဘောလခဲမြို့ကနေ ဖားဆောင်းမြို့ကို စစ်ကူလာနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေကို တော်လှန်ရေးတပ်ဖွဲ့တွေ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်က (၈၀) ကျော် သေဆုံးပြီး ဗျုဟာမှူးအပါအဝင် (၅၆) ယောက် အရှင်ဖမ်းမိခဲ့ကာ လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိခဲ့တာပါ။ 


ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့ကလည်း ဘောလခဲမြို့ကနေ ဖားဆောင်းမြို့က်ု စစ်ကူလာနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဖားဆောင်းမြို့နယ်၊ ပါပုကျေးရွာ‌မှာ တော်လှန်ရေးတပ်ဖွဲ့တွေ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်က (၁၆) ယောက်သေဆုံးခဲ့ပြီး ဒဏ်ရာအမြောက်အများရရှိခဲ့သလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ DMO ၁၁၀၆ တပ်ရင်းက ဆိုပါတယ်။ 


ဒါ့အပြင် ဖားဆောင်းမြို့နယ်ရှိ စေတီတော်တွေမှာ စခန်းချ နေထိုင်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဖေဖော်ဝါရီ ၂၉ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီဖက်က အရာရှိ (၁) ယောက်အပါအဝင် (၅) ယောက်သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ 


အဲ့ဒီတိုက်ပွဲအတွင်း ပိတ်မိနေတဲ့ အရပ်သားပြည်သူ (၁၃၀) ကျော်ကို တော်လှန်ရေးတပ်ရင်းတပ်ဖွဲ့တွေက ကယ်ထုတ်ခဲ့ပြီး ဘေးကင်းရာနေရာတွေ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ 


အဲ့ဒီတိုက်ပွဲတွေမှာ DMO ၁၁၀၆ တပ်ရင်းနဲ့အတူ အလယ်ပိုင်းတိုင်း ကရင်နီစစ်ဒေသ PDFတပ်ရင်းတွေ၊ ကလလတ၊ KA၊ KNDF နဲ့ အခြားတပ်ပေါင်းစုတွေ ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 


လွိုင်ကော်မြို့မှာလည်း ၁၁၁၁ စစ်ဆင်ရေးစတင်တဲ့နေ့ကနေ ဒီနေ့အချိန်ထိ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌DMO ၁၁၀၆ တပ်ရင်းအနေနဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေနဲ့အတူ နယ်မြေစိုးမိုးနိုင်ရေးအတွက် တိုက်ပွဲဝင်နေပြီး အာဏာရှင်စနစ်ကျရှုံးသွားတဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

1 comment:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...