Saturday 4 May 2024

ပခုက္ကူမှာ ကင်းလှည့်ရဲ ၇ယောက်ကို တိုက်ခိုက်ရာ ၇ယောက်လုံး သေဆုံးပြီး လက်နက် ၇ လက် သိမ်းဆည်းရရှိ


 ပခုက္ကူမှာ ကင်းလှည့်ရဲ ၇ယောက်ကို တိုက်ခိုက်ရာ ၇ယောက်လုံး သေဆုံးပြီး လက်နက် ၇ လက် သိမ်းဆည်းရရှိ

+++++++++++

မေ ၃၊ ၂၀၂၄


ပခုက္ကူ၊ ပန်းတိုင်းခြုံဂိတ်ကနေ ကင်းလှည့်ထွက်လာတဲ့ ရဲ ၇ ယောက်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၇ ယောက်လုံး သေဆုံးပြီး သေနတ် ၇ လက်သိမ်းဆည်းရရှိခဲ့ကြောင်း ဒေသတော်လှန်ရေးသတင်းရစ်မြစ်က ပြောကြားခဲ့ပါတယ်။


မနေ့က မေလ ၂ ရက်နေ့ ညနေ ၃ နာရီခန့်အချိန် ပန်းတိုင်းခြုံ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်မှ ပန်းတိုင်းခြုံကျေးရွာဘက်ကို ကင်းလှည့်ထွက်လာတဲ့ ရဲတွေကို အနီးကပ် ဆီးကြိုတိုက်ခိုက်နိုင်ခဲ့ခြင်း ဖြစ်တယ်လို့ သိရတာပါ။


ရဲ ၇ယောက်ကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၇ ယောက်လုံး သေဆုံးသွားပြီး ကိုင်ဆောင်ထားတဲ့ သေနတ် ၇ လက်ကိုပါသိမ်းဆည်းရရှိမိခဲ့တာပါ။


တိုက်ခိုက်ခံရပြီးနောက် ပခုက္ကူမြို့က အကြမ်းဖက်စစ်သား အင်အား ၁၀၀ ခန့်ဆင်းလာကာ ပန်းတိုင်းခြုံကျေးရွာအတွင်း ဝင်ရောက်စစ်ကြောင်းထိုးခဲ့တယ်လို့ သိရပါတယ်။

1 comment:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...