Monday 17 June 2024

၂၀၂၄ ခုနှစ် ဇန်နဝါရီမှ မေလတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀၀ နီးပါး သေဆုံးပြီး တပ်စခန်းပေါင်း ၂၀၀ ကျော် လက်လွှတ်ဆုံးရှုံး


 ၂၀၂၄ ခုနှစ် ဇန်နဝါရီမှ မေလတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀၀ နီးပါး သေဆုံးပြီး တပ်စခန်းပေါင်း ၂၀၀ ကျော် လက်လွှတ်ဆုံးရှုံး


ရန်ကုန်| ဇွန် ၁၇


အကြမ်းဖက်မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က အခု ၂၀၂၄ ခုနှစ် ဇန်နဝါရီမှ မေလ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀၀ နီးပါး သေဆုံးပြီး တပ်စခန်းပေါင်း ၂၀၀ ကျော် လက်လွှတ်ဆုံးရှုံးခဲ့ရတယ်လို့ ဗမာ ဖက်ဆစ် နှင့် အမျိုးသားရေးဝါဒီ လှုပ်ရှားမှု စောင့်ကြည့်အစီအစဉ် (Burma Fascism and Nationalism Watch –BFNW)ရဲ့ သုတေသန စာရင်းတခုအရ သိရပါတယ်။


၂၀၂၄ခုနှစ် ဇန်နဝါရီလကနေ မေလအထိ နိုင်ငံတဝှမ်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က တပ်စခန်းပေါင်း ၂၁၈ခု လက်လွှတ်ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။


ဒီစခန်းပေါင်း ၂၀၀ကျော် လက်လွှတ်ဆုံးရှုံးရမှုဟာ အာဏာသိမ်း စစ်ကောင်စီတပ်ကိုတော်လှန်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲပေါင်း ၂၀၀၀ကျော်အတွင်း စစ်ကောင်စီတပ်က တပ်စခန်းဆုံးရှုံးခဲ့ရမှုတွေဖြစ်ပါတယ်။


ကချင်ပြည်နယ်မှာ တပ်စခန်းပေါင်း ၁၀၃ခု၊ ရခိုင်ပြည်နယ်မှာ တပ်စခန်းပေါင်း ၆၃ခု အပါအဝင် ချင်း၊ ကရင်၊ ရှမ်း၊မွန်၊ကရင်နီ့(ကယား)ပြည်နယ်နဲ့ စစ်ကိုင်း၊မကွေး၊တနင်္သာရီ၊ပဲခူးတိုင်းတွေက တပ်စခန်းအများအပြားကို စစ်ကောင်စီတပ်က ၅လအတွင်း လက်လွှတ်ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။


ဒီလို တပ်စခန်းတွေ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က ရဲတပ်ဖွဲ့ဝင်တွေအပါအဝင် တပ်ဖွဲ့ဝင်ပေါင်း ၂၈၆၉ ဦးသေဆုံးပြီး ၂၈၁၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ BFNWက ဆိုပါတယ်။ 


တော်လှန်ရေးအင်အားစုတွေဘက်ကတော့ ၄၀၅ ဦးသေဆုံးပြီး ၉၀၃ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


စခန်းသိမ်းခံရတဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇၀၀ကျော်ဖမ်း ဆီးခံခဲ့ရပြီး ဘက်ပြောင်းအလင်းဝင်လာသူအရေအတွက်ကလည်း ၄၁၀၁ ဦးအထိရှိခဲ့တယ်လို့ BFNWက ဆိုပါတယ်။


ဒီကာလအတွင်း နှစ်ဖက်တိုက်ခိုက်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့ မိုင်းပေါက်ကွဲမှုတွေကြောင့် အရပ်သား ၁၁၅၃ ဦးသေဆုံးခဲ့ရသလို ၁၁၉၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရှိရပါတယ်။

1 comment:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...