Sunday 16 June 2024

မြိုင်မြို့နယ်၊ ကိုင်းတောမစခန်းမှ ထွက်လာသော စစ်သားများကို အနီးကပ်တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိ



 မြိုင်မြို့နယ်၊ ကိုင်းတောမစခန်းမှ ထွက်လာသော စစ်သားများကို အနီးကပ်တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိ


ရန်ကုန်၊ ဇွန် ၁၅ 


မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမစခန်းမှ ထွက်လာသော အကြမ်းဖက်စစ်သားများကို အနီး ကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိခဲ့ကြောင်း Earthquake People's Defense Force မှသတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုပိန်က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။


ယနေ့ ဇွန်လ ၁၅ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်ခန့်က မြိုင်မြို့နယ်၊ကိုင်းတောမစခန်းမှ အရှေ့ ဘက်သို့ ထွက်လာသော အင်အား ၁၅ ဦး ပါ အကြမ်းဖက်စစ်ကြောင်းကို ကိုင်းတောမစခန်းနှင့် မီတာ ၅၀ အကွာ အရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အ လှန် ထိတွေ့တိုက်ပွဲ ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။


“စခန်းအရှေ့ဘက်ကို ၁၅ ဦး ထွက်လာတာ၊ မီတာ ၅၀ အကွာလောက်အရောက်မှာ အနီးကပ် ပစ်ခတ်ခဲ့တာပါ၊ ၃ ဦးနေရာမှာ ပွဲချင်းပြီး သေတော့ ကျန်တဲ့သူတွေက ပြန်ဆုတ်သွားတယ်၊ ကျနော် တို့ရဲဘော်တွေအးလုံးဘေးကင်းပါတယ်၊ ကျနော်တို့ ရှေ့ဆက်ပြီး ပိုမိုပြင်းထန်တဲ့ စစ်ရေးမစ်ရှင်တွေ ကို အကောင်အထည်ဖော်ဆောင်ရွက်သွားမှာပါ၊ ဒီအတွက်လဲ လိုအပ်တဲ့ ရိက္ခာခဲယမ်းတွေအတွက် တတ်နိုင်သမျှ အားဖြည့်ပေးကြဖို့ တိုက်တွန်းမေတ္တာရပ်ခံလိုပါတယ်၊ စစ်အာဏာရှင်စနစ် အမြစ်ပြတ် တဲ့အထိ ပြည်သူနှင့်အတူ တိုက်ထုတ်တွန်းလှန်သွားမှာပါ” ဟု Earthquake People's Defense Force မှသတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုပိန်က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။


ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၃ ဦးပွဲချင်းပြီး အကြမ်းဖက်စစ်သားများ ကိုင်ဆောင် အသုံးပြုသည့် MA 1 အမျိုးအစား သေနတ် ၂ လက်၊ ကျည်ဘောက် ၂ ခု၊ ကျည် ၃၄ တောင့်တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။


အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူမြို့နယ်အခြေစိုက်စုဖွဲ့မှုတပ်ရင်းတပ်ဖွဲ့၊ Earthquake People's Defense Force ı Pakokku People's Defense Forces Young Force UG ၊ Hunter PKU၊ မြိုင် ပကဖ ၊ Justice Revolution Force နှင့် Thu Rain TR တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

1 comment:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...