Wednesday 19 June 2024

တိုက်ပွဲသတင်းထုတ်ပြန်ခြင်း June 13,2024. ကံရွာစစ်စခန်းကို ဝင်ရောက်တိုက်ခိုက်ချေမှူန်းခဲ့


 တိုက်ပွဲသတင်းထုတ်ပြန်ခြင်း

June 13,2024.

ကံရွာစစ်စခန်းကို ဝင်ရောက်တိုက်ခိုက်ချေမှူန်းခဲ့


မင်းကင်းမြို့နယ်၊မတောကျေးရွာ၊ဗုံးကျဲခံရမှုအပြီး (၁၀)ရက်အကြာ ၂၀၂၄ ခုနှစ်၊ဇွန်လ (၁၂)ရက်နေ့တွင် ကျွန်ုပ်တို့ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (S.R.F) ၊ ပြည်သူ့တော်လှန်ရေးတပ်ဦး(P.R.F) နှင့် Min Kin Local PDF Union တို့ပူးပေါင်း၍ မဟာမိတ်စစ်ကြောင်းပြု၍ မင်းကင်းမြို့နယ်၊ကံရွာစစ်စခန်းကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပါသည်။


နံနက် (၄:၅၀)နာရီတွင် ပစ်ခတ်မှု စတင်ခဲ့ပြီး တိုက်ပွဲကြာချိန် (၁၅)မိနစ်ခန့်တွင် စစ်ကောင်စီတပ်သားအပါအဝင် ပျူစောထီးတပ်ဖွဲ့ ဝင်များအားလုံး စခန်းစွန့်ခွာ ထွက်ပြေးသွားကြပါတယ်။


ရန်သူ့ဖက်မှ တပ်ဖွဲ့ဝင် စစ်‌ကောင်စီတပ်သား(၁)ယောက်၊ပျူ‌‌ေစာထီး (၃)ယောက်သေဆုံးပြီး (၅)ယောက် ဒဏ်ရာရရှိခဲ့ပါသည်။ကျွန်ုပ်တို့ တပ်ပေါင်းစုဖက်မှ အထိအခိုက်မရှိ တိုက်ခိုက်နိုင်ခဲ့ပါသည်။


တိုက်ပွဲမှ Carbine တစ်လက်၊Carbine ကျည်ဘောက် (၃)ခု၊(.30)ကျည် (၂၅၉)တောင့်၊5.56(ကပစ)(၄၀)တောင့်၊7.62(ကပစ)(၃၃၀)တောင့်၊ BA-63 ကျည်ဘောက်(၂)ခု၊ရှေ့ထွက်မိုင်း (၃)လုံး၊နင်းမိုင်း (၇)လုံး၊လက်ပစ်ဗုံး(၁)လုံး၊Drone Jammer (၁)လုံးသိမ်းဆည်းရမိခဲ့ပါသည်။


ဆက်လက်၍ Drone ဖြင့် အနီးအနားမှ စစ်စခန်းများဖြစ်သော ကျေးတောင်ဦး၊မင်းကင်းမြို့ တို့ကို ဆက်လိုက်တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား (၂)ယောက် ထိခိုက်ခဲ့ပါသည်။


#ရဲဘော်bravo 

#သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ 

#ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့

1 comment:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...