Sunday 23 June 2024

ကော့ကရိတ်၊ စုကလိ စစ်ကောင်စီတပ်စခန်း သိမ်းပိုက်မှု ၆ဦးသေဆုံး၊ ဗိုလ်မှူးကြီးတစ်ဦးအပါအဝင် ၂၁ ဦး ဖမ်းဆီး ရရှိ


 ■ ကော့ကရိတ်၊ စုကလိ စစ်ကောင်စီတပ်စခန်း သိမ်းပိုက်မှု ၆ဦးသေဆုံး၊ ဗိုလ်မှူးကြီးတစ်ဦးအပါအဝင် ၂၁ ဦး ဖမ်းဆီး ရရှိ


Western News| ဇွန် ၂၃ 


ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ စုကလိမြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ရရှိမှုတွင် စစ်ကောင်စီဖက်မှ ၆ဦးသေဆုံးပြီး ဗိုလ်မှူးကြီးတစ်ဦး အပါအဝင် ၂၁ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။ 


အဆိုပါ တပ်စခန်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက ဇွန်လ ၁၇ ရက်နေ့ နံနက် ၇ နာရီမှစတင်၍ တိုက်ခိုက်ခဲ့ပြီး ဇွန်လ ၂၁ ရက်နေ့တွင် စခန်းတစ်ခုလုံးကို အပြီးသတ် တိုက် ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း KNU တပ်မဟာ ၆၊ ဒူပလာယာခရိုင်က သတင်းထုတ်ပြန်သည်။ 


တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၆ ဦးသေဆုံးပြီး စစ်ကောင်စီတပ်သားစစ်သား ၂၁ ဦး ဖမ်းဆီးရရှိကာ ဖမ်းမိသူများတွင် ဗိုလ်မှူးကြီး ၀ဏ္ဏတိုး ပါဝင်ကြောင်း ယင်းအထဲမှ ၁၄ ဦး လွတ်မြောက်သွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ 


စစ်ကောင် စီတပ်ဖွဲ့ဝင်များကို လက်နက်ချရန် မတ်လ ၂၅ ရက်နေ့ မှ မတ်လ ၃၀ ရက်အထိ စာဖြင့်အသိပေး အကြောင်းကြားခဲ့သော်လည်း နာခံခြင်းမရှိသည့်အတွက် ဇွန်လ ၁၇ ရက်နေ့တွင် စတင်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဆိုသည်။


စုကလိမြို့ အ‌ခြေစိုက် စစ်တပ်စခန်းသည် စခက ၁၃ လက်အောက်ခံ၊ ခမရ ၅၆၀ တပ်ရင်းမှ ဗိုလ်မှူးကြီး ၀ဏ္ဏတိုး နှင့် ဒု-ဗိုလ်မှူးကြီး သူရိန်ဦး ‌ဦးဆောင်သော အထိုင်ချစခန်းဖြစ်ကြောင်း အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း တော်လှန်ရေး ပူး‌ပေါင်းတပ်ဖွဲ့မှလည်း ၁၅ ဦး ခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။


အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ စစ်သားများအနေဖြင့် စစ်တပ်ကို စွန့်ခွာပြီး ပြည်သူ့ရင်ခွင်သို့ ဝင်ရောက် ပူးပေါင်း ရန် K.N.U - ကရင်အမျိုးသားအစည်းအရုံး က ဖိတ်ခေါ်ထားကြောင်း သိရသည်။


Western News-WN

1 comment:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...