Sunday 23 June 2024

စစ်ကောင်စီလက်ထဲက ကနေဒီတောင်ကုန်းကို PDA-Tedim တပ်ဖွဲ့က ပြန်လည်သိမ်းယူ


 စစ်ကောင်စီလက်ထဲက ကနေဒီတောင်ကုန်းကို PDA-Tedim တပ်ဖွဲ့က ပြန်လည်သိမ်းယူ


BVJ/KNT၊ ဇွန် ၂၃၊ ၂၀၂၄

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်က စစ်ရေးအရအချက်အခြာကျတဲ့ ကနေဒီတောင်ကုန်းပေါ်က စစ်ကောင်စီစခန်းကို People Defence Army-Tedim တပ်ဖွဲ့က ပြန်လည် သိမ်းယူနိုင်ခဲ့တယ်လို့ တပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ 


“ဇွန် ၂၂ ရက်က PDA-Tedim တပ်ဖွဲ့ပြန်သိမ်းလိုက်တယ်။ စကစက ပြန်ဆုတ်သွားတယ်။ အခုလောလောဆယ် ဆယ် စခ(စကစ)တွေက ရွာထဲမှာ ရှိတယ်။ ဘယ်လိုပုံစံနဲ့ ပြန်သိမ်းတယ်ဆိုတာကိုတော့ သေချာမသိရဘူး။ အကျအဆုံး အခြေအနေလည်း မသိရဘူး” လို့ပြောပါတယ်။ 


တီးတိန်-ကလေးကားလမ်းမဘေးမှာ တည်ရှိနေတဲ့  ကနေဒီတောင်ကုန်းပေါ်က စစ်ကောင်စီတပ်စခန်းကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့က PDF-Zoland တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် အခုနှစ် ဇွန်လ ၁၈ ရက်မှာ  စစ်ကောင်စီက ပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ 


အင်အား ၁၀၀ ခန့်ရှိတဲ့  စစ်ကောင်စီတပ်ဖွဲ့ဟာ ဇွန်လ ၁၈ ရက်နေ့က တီးတိန်မြို့ ကနေ ကနေဒီတောင်ကို စစ်ကြောင်း ထိုးလာကာ PDF-Zoland တပ်ဖွဲ့ကို ထိုးစစ်ဆင်ခဲ့တာကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး အင်အားမမျှတဲ့အတွက် PDF-Zoland တပ်ဖွဲ့တွေဟာ ကနေဒီတောင်ကနေ ပြန်လည်ဆုတ်ခွါသွားခဲ့ပါတယ်။


လက်ရှိမှာ စစ်ကောင်စီလက်ထဲကနေ PDA-Tedim တပ်ဖွဲ့က ပြန်လည်တိုက်ခိုက် သိမ်းယူနိုင်ခဲ့ကြောင်းကို တပ်ဖွဲ့က မနေ့က ဇွန် ၂၂ရက်မှာ ထုတ်ပြန်ကြေညာထားပါတယ်။


ကနေဒီတောင်ကုန်းကို PDA-Tedim တပ်ဖွဲ့က ပြန်လည်သိမ်းယူပြီးနောက် မြင်တွေ့ရပုံ(ဓါတ်ပုံ-PDA-Tedim)

1 comment:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...