Sunday 23 June 2024

Breaking News - အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ၏ ရှေ့ကာ စခန်းဖြစ်သော တောဟိန်းတောင်ဗျူဟာကုန်းကို AA က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်


 Breaking News - အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ၏ ရှေ့ကာ စခန်းဖြစ်သော တောဟိန်းတောင်ဗျူဟာကုန်းကို AA က အပြီးသတ်တိုက်ခိုက်သိမ်းပိုက် 


ရန်ကုန်၊ ဇွန် ၂၃ 


ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)၏ ရှေ့ကာ စခန်းဖြစ်သော ကဇူးကိုင်း၊ တောဟိန်းတောင်ဗျူဟာကုန်းကို AA က အပြီး သတ်တိုက်ခိုက်သိမ်းပိုက်သွားပြီဖြစ်ကြောင်း စစ်ကောင်စီ၏ စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


ဇွန်လ ၂၃ ရက်နေ့ နံနက် ၂ နာရီ ကျော်အချိန်တွင် အမ်းမြို့နယ်၊ ကဇူးကိုင်း၊ တော ဟိန်းတောင်ဗျူဟာကုန်းစခန်းနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ အဆက်အသွယ် လုံး၀ ပြတ်တောက်သွားကြောင်း၊ အဆိုပါ တောဟိန်းတောင်ဗျူဟာကုန်းကို AA က မတ်လ နောက်ဆုံးအပတ်မှစတင်၍ ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၂၃ ရက်နေ့တွင် အဆက်အသွယ် လုံး၀ ပြတ်တောက်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။ 


"ကဇူးကိုင်း ဗျူဟာကုန်း ကျသွားပြီလို့ ပြောလို့ရပါတယ်။ အဆက်အသွယ်ပြတ် တောက်တယ် ဆိုတာ စခန်းကုန်းကျသွားလို့ မဆက်သွယ်နိုင်တော့တာပါ" ဟု စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။ 


AA စစ်ရေးသတင်းရင်းမြစ်ကလည်း ဗိုလ်မှူးချုပ် အဆင့် ဦးစီးနေသည့် အမ်းမြို့နယ်၊ကဇုကိုင်း၊ တောဟိန်းတောင်ဗျူဟာရှိ ပင်မကုန်း နှစ်ခုစလုံးကို အာရက္ခတပ်တော်က ယနေ့ နံနက် ၈ နာရီအချိန်တွင် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း၊ လက်နက်ခဲယမ်းနှင့် စစ်သားအလောင်းအများအပြားရရှိထားပြီး ရှင်းလင်းရေး လုပ်ဆောင်နေကြောင်း သိရှိရသည်။ 


လက်ရှိတွင် စစ်ကောင်စီတပ်က Jet fighter ဖြင့် ၁၆ ကြိမ်၊ Y12 ဖြင့် ၂ ကြိမ်၊ Y(8)ဖြင့် ၁ ကြိမ်၊ လာရောက်တိုက်ခိုက် ဗုံးကျဲနေကြောင်း၊ အမ်းမြို့နယ်အနောက် ပိုင်းတိုင်းစစ်ဌာနချုပ်ကလည်း ဟောင်ဝစ်ဇာအမြောက်များဖြင့် ပစ်ကူပေးနေကြောင်း သိရှိရသည်။

1 comment:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...