Saturday 15 June 2024

တနင်္သာရီတိုင်းမှစစ်ကောင်စီခလရ ၂၈၅ တပ်စခန်းကို KNLA တပ်မဟာ ၄ တိုက်ခိုက်သိမ်းပိုက်၊၊ စစ်ကောင်စီတပ်သား ၁၇ ဉီးသေဆုံး


 တနင်္သာရီတိုင်းမှစစ်ကောင်စီခလရ ၂၈၅ တပ်စခန်းကို KNLA တပ်မဟာ ၄ တိုက်ခိုက်သိမ်းပိုက်၊၊ 

စစ်ကောင်စီတပ်သား ၁၇ ဉီးသေဆုံး


Salween Press 

ဇွန်လ ၁၅ ရက်နေ့  ၂၀၂၄ 


KNU တပ်မဟာ ၄ ဒေသမှ စစ်ကောင်စီရဲ့ ခလရ ၂၈၅ တပ်စခန်းကို ဇွန်လ ၁၄ ရက်နေ့မှာ  KNLA တပ်မဟာ ၄ တပ်ဖွဲ့ကဉီး ဆောင်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ပြီး စစ်ကောင်စီတပ်သား ၁၇ ဉီးသေဆုံးခဲ့သည်ဟု KNLA တပ်မဟာ ၄ ထံမှသိရပါတယ်၊၊


စစ်ကောင်စီရဲ့ အောင်သာ၀ရတပ်စခန်းကို KNLA တပ်မဟာ ၄ ကဉီး ဆောင်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်အများအ ပြားလည်း သိမ်းပိုက်ခဲ့သည်၊၊


“အဲ့ဒီစခန်းက တနင်္သာရီမြစ်ကမ်းမှာရှိတဲ့စစ်ကောင်စီတပ်စခန်း၊၊ ဗမာလို အောင်သာ၀ရတပ်စခန်းလို့ ခေါ် တယ်၊၊ ခလ၇ ၂၈၅ ဖြစ်တယ်၊၊ ၁၉၉၇ ခုနှစ်မှာစခန်းလာတည်တာဖြစ်တယ်၊၊ ဇွန်လ ၁၄ ရက်နေ့မှာ KNLA တပ်မဟာ ၄ ကဉီး ပြီးတိုက်ခိုက်သိမ်းပိုက်ခဲ့တာ၊၊ တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁၇ ဉီးအလောင်းကျန်ခဲ့တယ်၊၊ တချို့တပ်သားက ထွက် ေြပးခဲ့တယ်” ဟု KNU တပ်မဟာ ၄ မြိတ်/ထားဝယ်ခရိုင်ရုံးရဲ့အတွင်းရေးမှူး ပဒို စောအယ်နာ က ပြောပါတယ်။ 


စခန်းသိမ်းပိုက်ရာမှာ လက်နက်ကြီးလက်နက်ငယ်အပါအ၀င် ကျည်ဆံစသည့်လက်နက်ခဲယမ်းများလည်းသိမ်းဆည်းရမိသည်ဟုဆိုပါတယ်။


KNU တပ်မဟာ ၄ တပ်ဖွဲ့နှင့် သိမ်းဆည်းရမိသည့်လက်နက်ခဲယမ်းများ (Photos: KNLA တပ်မဟာ ၄)


#Salweenpress

1 comment:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...