Saturday 8 June 2024

စစ်အစိုးရ နှင့် NUG မည်သူက အစိုးရ တာဝန် ယူနိုင်မလဲ၊ ပြည်သူများကမည်သူကို လိုလားသလဲ ဆိုသည့်အပေါ်မူတည် အသိအမှတ်ပြုမည်ဟု AA ပြော


 စစ်အစိုးရ နှင့် NUG မည်သူက အစိုးရ တာဝန် ယူနိုင်မလဲ၊ ပြည်သူများကမည်သူကို လိုလားသလဲ ဆိုသည့်အပေါ်မူတည် အသိအမှတ်ပြုမည်ဟု AA ပြော




▪︎“မြန်မာပြည်သူတစ်ရပ်လုံးက ဘယ်သူ့ကို အသိအမှတ်ပြုလဲ ၊ ဘယ်သူ့ကို ပိုလိုလားလဲ၊ မြန်မာပြည်သူတွေအတွက် ဘယ်သူက အရည်အချင်းရှိရှိနဲ့ တာဝန်ခံ တာဝန်ယူပြီး ဆောင်ရွက်နိုင်လဲ ဆိုတဲ့ အချက်တွေက ပိုပြီး အခရာကျတယ်လို့ မြင်ပါတယ်” -ဦးခိုင်သုခ


▪︎AAက ခွဲထွက်မည်ဟု မပြောသေးဘဲ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ကွန်ဖက်ဒရိတ်ကိုတည်ဆောက်ယူမည်ဟု ထပ်အသိပေး


ဟန်နွေ/People’s Spring


စစ်ကောင်စီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ မည်သူက အစိုးရ တာဝန်ယူနိုင်မလဲ ၊ပြည်သူများကမည်သူကိုလိုလားသလဲ ဆိုသည့် အပေါ် မူတည်ပြီး အာရက္ခတပ်တော်(ULA/AA)က အသိအမှတ်ပြုသွားမည်ဖြစ်ကြောင်း AA ပြော

ရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားသည်။


ယနေ့ (ဇွန် ၈ ရက်) ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်တစ်ဦးက AA အနေဖြင့် ၎င်းတို့၏ လိုလားချက်များအတွက် သဘောတူညီမှုများ ရယူရာတွင် စစ်ကောင်စီနှင့် NUG မည်သည့် အဖွဲ့ကို အသိအမှတ်ပြု မလဲ ဆိုသည့် မေး

မြန်းချက်အပေါ် ဦးခိုင်သုခက ပြန်လည်ဖြေကြားခြင်းဖြစ်

သည်။


  

“စစ်အစိုးရနဲ့ NUGမှာ ဘယ်သူ့ကို အသိအမှတ်ပြုမလဲဆိုတဲ့ သတင်းထောက်မေးထားတဲ့ မေးခွန်းမှာ ကျနော်တို့ဘက်က အမြင်ကို ပြောရမယ်ဆိုရင် မြန်မာပြည်သူတစ်ရပ်လုံးက ဘယ်သူ့ကို အသိအမှတ်ပြုလဲ ၊ ဘယ်သူ့ကို ပိုလိုလားလဲ၊ မြန်မာပြည်သူတွေအတွက် ဘယ်သူက အရည်အချင်းရှိရှိနဲ့ တာဝန်ခံ တာဝန်ယူပြီး ဆောင်ရွက်နိုင်လဲ ဆိုတဲ့ အချက်တွေက ပိုပြီး အခရာကျတယ်လို့ မြင်ပါတယ်” ဟု ဦးခိုင်သုခကဆိုသည်။


ရက္ခိုင်ပြည်သူများအနေဖြင့် မြန်မာပြည်သူတစ်ရပ်လုံး၏ လိုလားချက်ကို အမြဲတမ်း လေးစားတန်ဖိုးထားကြောင်း၊ တက်နိုင်သမျှ ကူညီထောက်ပံ့ပေးမည်ဆိုသည့် ရပ်တည်

ချက် ရှိကြောင်း ပြောသည်။


ပြည်သူများအတွက် အစိုးရ တာဝန်ကို မည်သူ ယူနိုင်လဲဆိုသည့် အချက်အပေါ်မူတည်ပြီး ရွေးချယ်မည်ဟု လည်း ဦးခိုင်သုခက ပြောသည်။


“မြန်မာပြည်သူတစ်ရပ်လုံးအတွက် တာဝန်ယူ တာဝန်ခံ ဆောင်ရွက်နိုင်တဲ့ အစိုးရကို ကျနော်တို့က အသိအမှတ်ပြု ထောက်ခံပေးဖို့ ဖြစ်ပါတယ်။ ULA/AA အနေနဲ့ တော်လှန်

ရေးကာလမှာ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးလို့ရတဲ့ အာရက္ခလူ့ဘောင်ကို တည်ဆောက်ဖို့ ရက္ခိတ လမ်းစဉ်ကို ချမှတ်ထားပြီးဖြစ်ပါတယ်” ဟု ဦးခိုင်ခက ပြောသည်။


ရက္ခိုင်ပြည်နယ်အတွင်းနေထိုင်သည့် လူမျိုးပေါင်းစုံ၏ တန်းတူညီမျှရေး၊ အခွင့်အရေးနှင့် တာဝန်များကို ပီပင်စွာ ဖော်ဆောင်ပြီး အနာဂတ်ကို တည်ဆောက်ရန်ဖြစ်သည်ဟု ၎င်းက ဆိုသည်။


 ULA/AA အနေဖြင့် နိုင်ငံရေးနှင့်ပတ်သက်သည့် မူဝါဒအပြောင်းအလဲမရှိဟုလည်း ဦးခိုင်သုခက ပြောသည်။


“ဒီနေ့ဒီအချိန်ထိ ULA/AA ခွဲထွက်ဖို့ဆိုပြီး ကျနော်တို့ မပြောသေးပါ။ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကွန်ဖက်ဒရိတ်ကို အ

ပြည့်အ၀ ရအောင် ကျနော်တို့ တည်ဆောက်နေတာဖြစ်ပါတယ်။တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် အလေးအထား အသိအမှတ်ပြုပြီး တည်ငြိမ်အေးချမ်းတဲ့ အနာဂတ်ကို တည်

ဆောက်ဖို့ ကျနော်တို့ ရည်ရွယ်ပြီး လုပ်ဆောင်နေတာဖြစ်ပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။


လက်ရှိတိုက်ပွဲများ မည်သည့်အချိန်၌ ပြီးမလဲဆိုသည်မှာ စစ်ကောင်စီဘက်က မည်သို့ တုန့်ပြန်သည်ဆိုသည့် အခြေနေနှင့် သက်ဆိုင်သည်ဟု ၎င်းက ပြောသည်။


ULA/AAတွင် ရခိုင်လူထုအတွက် တိကျရှင်းလင်းသည့်

 ရက္ခိတလမ်းစဉ်နှင့် စစ်ရေးရည်မှန်းချက်ရှိပြီးဖြစ်ကာ ပြည်သူကို ရှင်းလင်းစွာ အသိပေးထားကြောင်း၊ ပြည်သူလိုလားသည့် စစ်ရေးရည်မှန်းချက် ပြည့်၀ လာချိန်တွင် တိုက်ပွဲ အတိုင်းအတာ တစ်ခုအထိ ရပ်တန့်လာနိုင်ကြောင်း၊ စစ်ကောင်စီဘက်က မည်ကဲ့သို့ တုန့်ပြန်သည်ဆိုသည့် အခြေ

အနေနှင့်လည်း တိုက်ရိုက်သက်ဆိုင်ကြောင်း ဦးခိုင်သုခက ပြောကြားခဲ့ခြင်းဖြစ်သည်။


 AAသည် ရက္ခိုင်ဒေသနှင့် ချင်းပြည်နယ်ပလက်၀ စစ်ဆင်ရေးကို ၂၀၂၃ နိုဝင်ဘာ ၁၃ရက်က စတင်ခဲ့ရာ ၇လနီးပါးအတွင်း ပလက်၀နှင့် ရက္ခိုင်ရှိ မြို့နယ် ၉ခုကို အလုံးစုံသိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့ပြီး ကျန်နေသည့် အမ်းနှင့် 

စစ်တွေအပါအဝင် မြို့ ၈ခုကို ဆက်လက်ထိုးစစ်ဆင်မည်ဟု အသိပေးထားသည်။

1 comment:

စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို

 စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး  ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို ရန်ကုန်၊ စက်တင်ဘာ ၂၀  အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်...