Wednesday 17 July 2024

မြိုင်မြို့နယ်၊ တွင်းမရွာ ပျူစောထီးစခန်းမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု ခဲယမ်း၊ ရိက္ခာ များ သိမ်းဆည်းရရှိ


 မြိုင်မြို့နယ်၊ တွင်းမရွာ ပျူစောထီးစခန်းမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု ခဲယမ်း၊ ရိက္ခာ များ သိမ်းဆည်းရရှိ


ရန်ကုန်၊ ဇူလိုင် ၁၇ 


မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမရွာ ပျူစောထီးစခန်းမှ ထွက်လာသော အကြမ်း ဖက်စစ်တပ် စစ် ကြောင်းကို တိုက်ခိုက်ခဲ့ရာ ခဲယမ်း၊ ရိက္ခာများ သိမ်းဆည်းရရှိခဲ့ကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူတစ် ဦးက ရန်ကုန်ခေတ် သစ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။


ယနေ့ ဇူလိုင်လ ၁၇ ရက်နေ့ နံနက် ၂ နာရီခန့်အချိန်တွင် တစ်ကြိမ်၊ နံနက် ၅ နာရီခန့်တွှု် တစ်ကြိမ် တွင်းမရွာ ပျူစောထီးစခန်းမှ ထွက်လာသော အကြမ်း ဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီးများ ထိခိုက်သေဆုံးမှုများစွာဖြင့် တွင်းမရွာအတွင်းသို့ ပြန်ဝင်သွား ကြောင်း သိရသည်။


ထိုသို့ အကြမ်းဖက်စစ်သား၊ ပျူစောထီးများ ပြန်ဝင်သွားပြီးနောက် တိုက်ပွဲဖြစ်ပွားရာနေရာအား နယ် မြေရှင်းလင်းစဉ် RPG 7 အဖူး - ၅ ဖူး ၊ ပိုယမ်း ၁၀ တောင့် ၊ 60 မမ - ၂ ဗူး ၊ ကာဘိုင်ကျည် အတောင့် - ၁၅၀၀ တောင့် ၊ တော်ပီဒိုယမ်းအချောင်း - ၆ ချောင်း ၊ ဆန် ၈ အိတ် ၊ ဖုန်း - ၂ လုံး နှင့် ဆေးပစ္စည်း အစုံ သိမ်းဆည်းရရှိခဲ့ကြောင်း ၊တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်တစုံတရာမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။ 


အဆိုပါ တိုက်ခိုက်မှုကို ပကဖ အမှတ် ၁ တပ်ရင်း ၊ ပခုက္ကူခရိုင်အမှတ် ၂ တပ် ရင်း ၊ မြိုင်ပကဖ တပ်ခွဲ ၁ ၊ တပ်ခွဲ - ၂(ဂဠုန်) ၊ Myaing Warriors တပ်ဖွဲ့ ၊ PDF-Kamma (ကမ္မတပ်ပေါင်းစု) နှင့် KMDF (ကမ္မ တပ်ပေါင်းစု) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအ ခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

1 comment:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...