Wednesday 17 July 2024

ပခုက္ကူမြို့နယ်၊ အောင်သာပျူစောထီးကျေးရွာစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ၁၀ ဦးအရှင် ဖမ်းမိ


 ပခုက္ကူမြို့နယ်၊ အောင်သာပျူစောထီးကျေးရွာစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ၁၀ ဦးအရှင် ဖမ်းမိ


ရန်ကုန်၊ ဇူလိုင် ၁၇ 


မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အောင်သာပျူစောထီးကျေးရွာစခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ ရာ စစ်သား၊ ပျူ ၅ ဦးသေဆုံးပြီး ၁၀ ဦးအရှင်ဖမ်းမိကာ လက်နက် ၁၀ လက်အပါအဝင် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ဒေသခံ ဧရာဒေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။


ယနေ့ ဇူလိုင်လ ၁၇ ရက် နံနက် ၅ နာရီ ၁၀ မိနစ်အချိန်ခန့်က ပခုက္ကူမြို့နယ်၊ ဘဲကြီးအုပ်စု၊ အောင် သာ ပျူစောထီးကျေးရွာစခန်းကို တော်လှန်ရေးအင်အားစုများမှ ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား၊ ပျူစောထီး ၅ ဦးသေဆုံး ကာ ၁၀ ဦးအရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။


ထို့အပြင် အကြမ်းဖက်စစ်သား၊ ပျူစောထီးများထံမှ ကာဘိုင်အမျိုးအစား သေနတ် ၃ လက် ၊ ဘီအေ ၆၃ အမျိုးအစား သေနတ် ၄ လက် ၊ ရှော့ဂန်းသေနတ် ၁ လက် ၊ ဝင်ချက်စတာ သေနတ် ၁ လက် ၊ ၄၀ မမ ဗုံးပစ်လောင်ချာ ၁ လက် ၊ လက်ပစ်ဗုံး ၁ လုံး ၊ ကျည်မျိုးစုံ ၃၀၀ ဝန်းကျင်ကို သိမ်းဆည်း ရရှိ ခဲ့ကြောင်း သိရသည်။


အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ ဒီမိုကရက်တစ်တပ်တော် (PDA) ၊ ABSDF အမှတ် ၃ စစ်ကြောင်း၊ ပြည်သူ့တော်လှန်ရေးတပ်ဦး ( PRF) ၊ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) (အမှတ် ၈၁၅ စစ်ဒေသ) ၊ ဒေသခံ ဧရာဒေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ပေါက်မြို့နယ် BLY ပြည်သူ့ကာကွယ် ရေးအဖွဲ့ ၊ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ပခုက္ကူမြို့နယ် စုဖွဲ့မှု တပ်ရင်း တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။

1 comment:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...