Thursday 18 July 2024

မကွေးတွင် စစ်ကောင်စီအတွက် တပ်သားသစ် အတင်းအဓမ္မ စုဆောင်းနေသော အလယ်ဘိုကျေးရွာ အုပ်ချုပ်ရေးမှူး အောင်ကိုကို ပစ်ခတ်ခံရပြီး သေဆုံး


 မကွေးတွင် စစ်ကောင်စီအတွက် တပ်သားသစ် အတင်းအဓမ္မ စုဆောင်းနေသော အလယ်ဘိုကျေးရွာ အုပ်ချုပ်ရေးမှူး အောင်ကိုကို ပစ်ခတ်ခံရပြီး သေဆုံး


ရန်ကုန်၊ ဇူလိုင် ၁၈


မကွေးတိုင်း၊ မကွေးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် အတွက် စစ်သားသစ် အတင်းအဓမ္မ စုဆောင်းပေးနေသော အလယ်ဘိုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အောင်ကိုကို ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း မကွေးပြောက်ကျားတပ်ဖွဲ့ တာ၀န်ခံ ကိုကံကြီးမောင် က ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။


ဇူလိုင်လ ၁၇ ရက်နေ့ ညနေ ၆ နာရီ ခန့်အချိန် မကွေးမြို့နယ်၊ သစ်ရာကောက်တိုက်နယ်၊ အလယ်ဘိုအုပ်စု၊ လက်ပံရွာသစ်ကျေးရွာမှ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အောင်ကိုကို ကို မြို့ပြ ပြောက်ကျား ရဲဘော်များက သစ်ရာကောက်-ကိုးပင်လမ်းပိုင်း တစ်နေရာတွင် ပစ်ခတ် တိုက်ခိုက်ရာ သေနတ်ကျည် ၇ ချက် ထိမှန်ပြီး သေဆုံးခဲ့ကြောင်း သိရသည်။


သေဆုံးသွားသော ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အောင်ကိုကိုသည် ကျေးရွာ လူငယ်များကို စစ်မှုထမ်းရန် လူစာရင်းများ အတင်းအဓမ္မ ကောက်ခံခြင်း၊ တော်လှန်ရေးကာလမှ စတင်ပြီး ပြည်သူများကို စစ်တပ်ကိုခေါ်ဆောင်၍ ရိုက်နှက်ခိုင်းစေခြင်း၊ အခွန်များမတရား ကောက်ခံခြင်းတို့ကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မကွေးပြောက်ကျားတပ်ဖွဲ့ တာ၀န်ခံ ကိုကံကြီးမောင် က ရှင်းပြသည်။


အဆိုပါ တိုက်ခိုက်မှုကို Magway Guerrilla Warfare (မကွေးပြောက် ကျားတပ်ဖွဲ့) ၊ ဒေါင်းစစ်သည် ပြောက်ကျားတပ်ဖွဲ့ ၊ Taungdwingyi Fighter Force (LPDF) နှင့် Yenanthar Youth Force (YYF) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီ တောက်တိုင် မှန်သမျှ ပြည်သူလူထုနှင့် အမြန်ဆုံး ပူးပေါင်း ပါ၀င်ပေးကြပါရန် မကွေးပြောက်ကျားတပ်ဖွဲ့ တာ၀န်ခံ ကိုကံကြီးမောင် က ဆက်လက် ပြောဆိုသည်။

1 comment:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...