Saturday 20 July 2024

KNU တပ်မဟာ ၅ မှာ ၁၅ ရက်အတွင်း စကစ ၃၇ ဦး သေဆုံး


 ◼KNU တပ်မဟာ ၅ မှာ ၁၅ ရက်အတွင်း စကစ ၃၇ ဦး သေဆုံး


၂၀ ဇူလိုင် ||| နွေဦးအသံ |||


ကရင်ပြည် KNU တပ်မဟာ ၅ နယ်မြေမှာ ဇူလိုင် ၁ ရက်မှ ၁၅ ရက်အထိ တိုက်ပွဲပေါင်း ၆၆ ကြိမ်ဖြစ်ပွားခဲ့ပြီး စကစ ၃၇ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။


KNLA အမှတ်(၅)တပ်မဟာလက်အောက်ရှိ တပ်ရင်း၊ တပ် ခွဲ၊ တပ်စု၊ တပ်စိပ် တပ်ဖွဲ့ဝင်တွေ၊ မဟာမိတ်တပ်ဖွဲ့ဝင်တွေ လက်ချက်နဲ့ စကစ တွေသေဆုံးခဲ့တာဖြစ်ပြီး ဒဏ်ရာရရှိတဲ့ စကစ ၁၀ ဦးလည်း ရှိခဲ့တယ်လို့ KNU Mutraw က ထုတ်ပြန်ထားပါတယ်။

 

အကြမ်းဖက် စကစ သေဆုံးစာရင်းထဲမှာ ဗိုလ်အဆင့်ရှိသူ တဦးလည်း ပါဝင်တယ်လို့ သိရပြီး စကစ တပ်စခန်းအချို့ မီးလောင်ပျက်စီးခဲ့ကြောင်း၊ KNLA ဘက်မှ တပ်ဖွဲ့ဝင်တဦး မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါတယ်။


ဓာတ်ပုံ | ပုံဟောင်းများ


သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့

Telegram : https://t.me/VOStelegram

YouTube : https://youtube.com/c/TheVoiceOfSpringTV

ကို Subscribe လုပ်ထားနိုင်ပါတယ်။


©The Voice of Spring

#thevoiceofspring 

#WhatsHappeningInMyanmar

#RejectMilitaryCoup


✅ ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

1 comment:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...