Tuesday 23 July 2024

လားရှိုး ခလရ ၆၈ ကို မြောက်ပိုင်းမဟာမိတ်တပ်များက အပြီးသတ် တိုက် ခိုက် သိမ်းပိုက်လိုက်ပြီး စစ်တပ်ဘက်မှ အလောင်းများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ



 လားရှိုး ခလရ ၆၈ ကို  မြောက်ပိုင်းမဟာမိတ်တပ်များက အပြီးသတ် တိုက် ခိုက် သိမ်းပိုက်လိုက်ပြီး စစ်တပ်ဘက်မှ  အလောင်းများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ


ရန်ကုန်၊ ဇူလိုင် ၂၃ 


ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်ရှိ ခလရ ၆၈ ကို  မြောက်ပိုင်းမဟာမိတ်တပ်များက အပြီးသတ် တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး စစ်တပ်ဘက်မှ  အလောင်းများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း ညီနောင်မဟာမိတ်တပ်၏ ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


လားရှိုးမြို့အထွက်ရှိ စစ်ကောင်စီ ၏ခလရ ၆၈ တပ်စခန်းကို MNDAA ဦးဆောင်သောင်သော မြောက်ပိုင်းမဟာမိတ်တပ်များက သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း၊ စစ်သားအလောင်းနှင့် လက်နက်ခဲယမ်းများရရှိထားပြီး အသေးစိတ်ကို မကြာမီ သတင်းထုတ်ပြန်လိမ့်မည်ဖြစ်ကြောင်း သိရှိရသည်။ 


ခလရ ၆၈ တပ်မှ သေဆုံးနေသော စစ်ကောင်စီတပ်များ၏ အလောင်းများကို မြောက်ပိုင်းမဟာမိတ်တပ်များမှ ရဲဘော်တချို့က ရိုက်ကူးထားသော ဗီဒီယိုကို စစ်တပ်လော်ဘီများက MNDAA တပ်သားများ သေဆုံးနေသယောင်ဝါဒဖြန့်မှုများ လုပ်ဆောင်နေကြကြောင်း၊ အမှန်တကယ်မှာ ခလရ ၆၈ တပ်မှ စစ်သားများနှင့် ပြည်သူ့စစ်များ အတုန်းအရုန်းသေဆုံးနေခြင်းဖြစ်ကြောင်း သိရှိရသည်။


(ဓာတ်ပုံအကြည်များနှင့် ဗီဒီယိုများကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် သွားရောက် ကြည့်ရှုနိုင်ပါသည်။)

1 comment:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...