Monday 22 July 2024

တော်လှန်ရေးရဲဘော်များ၏ သတင်းများကို စုံစမ်း ခြိမ်းခြောက်နေသော ဖြူးမြို့နယ်မှ ရဲဒုတပ်ကြပ် လင်းလင်း ဘီယာသောက်နေစဉ် ပစ်ခတ်ခံရပြီး သေဆုံး


 တော်လှန်ရေးရဲဘော်များ၏ သတင်းများကို စုံစမ်း ခြိမ်းခြောက်နေသော ဖြူးမြို့နယ်မှ ရဲဒုတပ်ကြပ် လင်းလင်း ဘီယာသောက်နေစဉ် ပစ်ခတ်ခံရပြီး သေဆုံး


ရန်ကုန်၊ ဇူလိုင် ၂၁ 


ပဲခူးတိုင်း၊ ဖြူးမြို့နယ်တွင် စစ်အာဏာရှင် တော်လှန်ရေးရဲဘော်များ၏ သတင်းများကို စုံစမ်းပြီး ခြိမ်းခြောက်နေသော ဖြူးမြို့နယ်၊ ညောင်ပင်သာ ရဲစခန်းမှ ရဲဒုတပ်ကြပ် လင်းလင်း ဘီယာသောက်နေစဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဖြူးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရှိရသည်။ 


ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန် ညောင်ပင်သာမြို့တောင်ဘက်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းဘေးရှိ စိမ်းနုဝေဘီယာဆိုင်တွင် ဘီယာသောက်နေသော ရဲဒုတပ်ကြပ် လင်းလင်းကို ဖြူးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (Phyu PDO) က ဝင်ရောက်ပစ်ခတ်ခဲ့ရာ သေဆုံးခဲ့ကြောင်း သိရှိရသည်။ 


သေဆုံးသူ ရဲဒုတပ်ကြပ် လင်းလင်းသည် ပြည်သူများအားဒုက္ခပေးနေသူ၊တော်လှန်ရေးရဲဘော်များသတင်းကိုအမြဲထောက် လှမ်းကာ စစ်တပ်နှင့်ပေါင်း ၍ တော်လှန်ရေးရဲဘော်များကိုခြိမ်းခြောက်ပြောဆိုနေသဖြင့် ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(Phyu PDO)က ပစ်ခတ်ရှင်းလင်းလိုက်ခြင်းဖြစ် ကြောင်း သိရှိရသည်။

1 comment:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...